Mask Campaign ပြုလုပ်ခြင်းနှင့် စားသောက်ဆိုင်များ၊ ကားဂိတ်များအား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ထားခြင်းရှိ/မရှိ စစ်ဆေးဆောင်ရွက်

ဇမ္ဗူသီရိ   ဇူလိုင်  ၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၌ မြို့နယ်အဆင့်ဌာန ဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့က မြို့မဈေးတွင် Mask Campaign ပြုလုပ်ခြင်းနှင့် ဈေးအတွင်းရှိ စားသောက်ဆိုင်များနှင့် ကားဂိတ်များအား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့် အညီ စနစ်တကျဆောင်ရွက်ထားခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်း က ဆောင်ရွက်ခဲ့သည်။

ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအုပ်စိုးလင်းနှင့် ကျန်းမာ ရေးဝန်ထမ်းများ၊ ဈေးတာဝန်ခံရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆန်းဦးနှင့် ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးဝင်းကျော်နှင့် ဝန်ထမ်းများ၊ မြို့နယ် မီးသတ်ဦးစီးဌာနမှူးရုံးမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးသက်ညီညီမောင်နှင့် ဝန်ထမ်းများ ပါဝင်သောပူးပေါင်းအဖွဲ့က မြို့မဈေးအတွင်းရှိ Mask တပ်ဆင်ထားခြင်းမရှိသော ဈေးရောင်း၊ ဈေးဝယ်လာပြည်သူများအား လက်သန့်ဆေးရည်များဖြန်းပေးခြင်း၊ Mask များ အခမဲ့ဖြန့်ဝေ ပေးခြင်း၊ ဈေးအတွင်းလှည့်လည်၍ Hand Speaker ဖြင့် အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ စားသောက်ဆိုင်များအား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်နိုင်ရေးနှင့် မြို့မဈေးကားဂိတ်ရှိ လက်မှတ်အရောင်းဌာနများတွင် Partation အကာအရံများ စနစ်တကျ ဆောင်ရွက်ရန်နှင့် ဂိတ်မှူးများ၊ ယာဉ်မောင်းများ၊ ယာဉ်နောက် လိုက်များအား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ စနစ်တကျဆောင်ရွက်နိုင်ရေး တို့အား မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)