သဲကုန်း ဇူလိုင် ၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် ပြည်သူ့ဆေးရုံဝန်းအတွင်း တွင် မြို့နယ် မိခင်နှင့်ကလေး ကျန်းမာရေးဌာန နှစ်ထပ်အဆောက်အဦသစ် ကို ပြည်မြို့နယ်အခြေစိုက် ခေတ်ဇာနည်ကုမ္မဏီမှ ယနေ့စတင် ဆောက်လုပ် နေပြီဖြစ်ကြောင်း သိရသည်။
အဆောက်အဦသစ်တွင် နားနေခန်း၊ မီးဖွားခန်း၊ အဝတ်လဲခန်း၊ ဆေးစတိုခန်း၊ ဆရာဝန်နားနေခန်း၊ ဆရာ၊ ဆရာမနားနေခန်း၊ အစည်းအဝေး ခန်းမ စသည်ဖြင့် ပါရှိမည်ဖြစ်ပြီး အဆောက်အဦ အမျိုးအစားမှာ အလျား ၃၈ ပေ၊ အနံ ၂၂ ပေ ကွန်ကရစ် RC နှစ်ထပ်ဆောင်ဖြစ်သည်။
အဆိုပါ နှစ်ထပ်အဆောက်အဦးကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေ (၅၆)သန်းဖြင့် ဆောက်လုပ်ခွင့်ရရှိထားပြီး စက်တင်ဘာလ တွင်အပြီး ဆောက်လုပ်သွားမည် ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
နိုင်လင်း(သဲကုန်းပြန်/ဆက်)