သတင်းများ

လှည်းကူးမြို့နယ်၌ စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
Jul 01,2021
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်သည့်အလေ့အထများ ရရှိစေရန် ရည်ရွယ်၍ လယ်တွင်းသား စောချစ်၏ “ပန်းလိုချင် အပင်ပျိုးတတ်မှ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်ခန့်က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက် များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
ဆင်ပေါင်ဝဲမြို့၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်
Jul 01,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူး ရုံးမှ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးသည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေး အပ်ပွဲကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက် (၁၁)နာရီက ကျင်းပပြုလုပ်သည်။
တနိုင်းမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေး
Jul 01,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသော နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ယမန်နေ့ နံနက် ၁၀ အချိန်က ပုန်ခုန်း ရပ်ကွက်ရှိ ၊ မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ ‌ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှမဟာဗောဓိပရိယတ္တိ စာသင်တိုက်မှ သံဃာတော်များအား နေ့ဆွမ်းဆပ်ကပ်
Jul 01,2021
မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှူဖြင့် မန္တလေးမြို့ပေါ်ရှိ ဘုန်းတော်ကြီး ကျောင်းများမှ သံဃာတော်များနှင့် သီလရှင်ကျောင်းများရှိ သီလရှင်များကို နေ့ဆွမ်းများ ဆပ်ကပ်လှူဒါန်း လျက်ရှိရာ ယနေ့ နံနက် (၁၀)နာရီက မဟာအောင်မြေမြို့နယ် မဟာနွယ်စဉ်ရပ်ကွက်ရှိ ၆၉လမ်း ၃၈လမ်း၊၃၉လမ်းကြားရှိ မဟာဗောဓိပရိယတ္တိစာသင်တိုက်ရှိ ဆရာတော်သံဃာတော်များအား မဟာအောင်မြေ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ နေ့ဆွမ်းဆပ်ကပ်ခဲ့ကြောင်း သိရှိရသည်။
ကြာအင်းဆိပ်ကြီးမြို့တွင် RDTစနစ်ဖြင့် စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါ (၉)ဦးတွေ့ရှိ
Jul 01,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့တွင် ဇွန်လ ၃၀ ရက်နေ့ နံနက် ၁၀ နာရီက ကိုဗစ်-၁၉ ရောဂါ ရောဂါပိုးတွေ့ရှိသူ (၉)ဦးရှိကြောင်းသိရသည်။ အဆိုပါရောဂါပိုး တွေ့ရှိသူများမှာ ကြာအင်းဆိပ်ကြီးမြို့ အမှတ်(၂)ရပ်ကွက် ရွှေဝါလမ်းရှိ mytel ရုံးမှ ဝန်ထမ်းဖြစ်သူတစ်ဦးမှ ကော့ကရိတ်မြို့သို့ သွားရောက်ရာတွင် ရောဂါပိုးလက္ခဏာတွေ့ရှိပြီး ကော့ကရိတ်မြို့ ပြည်သူ့ဆေးရုံတွင်သွားရောက်ပြီး RDTစစ်ဆေးမှုခံယူရာ၌ Positive (ပိုးတွေ့)ရှိခဲ့ပြီး ၎င်းရုံးမှအ‌ရောင်းဝန်ထမ်း စာရေးယာဉ်မောင်းနှင့် လုံခြုံရေး ဝန်ထမ်း ကျား(၁၀)ဦး မ(၂)ဦးအား RDT Test Kit ဖြစ် စစ်ဆေးခဲ့ရာ ဝန်ထမ်း  ကျား(၉)ဦးတွင်  ပိုးတွေ့ရှိခဲ့ကြောင်းသိရသည်။
ကျိုက်ထိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ အရှိန်မြှင့်တင် ဆောင်ရွက်
Jul 01,2021
သထုံခရိုင်၊ကျိုက်ထိုမြို့နယ်တွင်ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး၊ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် အသိပညာပေး နှိုးဆော်ခြင်း လုပ်ငန်းများကို ဇွန် (၃၀)ရက် မွန်းလွဲပိုင်းက ကျိုက်ထို မြို့နယ်အတွင်း လှည့်လည်၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆားလင်းကြီးမြို့နယ်တွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ 
Jul 01,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့တွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ၏  လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ 
မိုးနဲမြို့၌ အသက်‌‌ မွေးဝမ်းကျောင်းအထောက်အကူပြု ချည်ထိုးနည်းသင်တန်းနှင့် စက်ချုပ်သင်တန်း ဖွင့်ပွဲကျင်းပ
Jul 01,2021
 ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်း‌ခေးခရိုင်၊ မိုးနဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်း အထောက် အကူပြု ချည်ထိုး၊ လွယ်အိတ်ထိုး၊သိုးမွေးထိုး နည်းသင်တန်းနှင့် စက်ချုပ်၊ ပန်းကြယ် သီးထိုးနည်းသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။