လေးမျက်နှာ ဇူလိုင် ၁
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှကြီးမှူး၍ သခွတ်ချောင်း ကျေးရွာအုပ်စု၊ ကျွန်းတဲကျေးရွာတွင် ယမန်နေ့က ကျေးရွာအဆင့် ခေါင်းဆောင်မှုနှင့် အစိမ်းရောင်ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အသိပညာပေး ဆွေးနွေးပွဲ ကျင်းပခဲ့သည်။
ရှေးဦးစွာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးကျော်သူမှ ဆွေးနွေးပွဲ ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်တင်ပြပြီး ကျေးရွာအဆင့် ခေါင်းဆောင်မှုနှင့် အစိမ်းရောင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအကြောင်း သိကောင်းစရာများကို ပြောကြားကာ မြို့နယ် စိုက်ပျိူးရေး ဦးစီးဌာနမှ တောင်သူများ မြေဆီလွှာတိုက်စားမှု ကာကွယ်ရန် အတွက် ဆောင်ရွက်ရမည့် နည်းလမ်းများ၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ တရိစ္ဆာန်များတွင် ဖြစ်ပွားတတ်သော ရောဂါများနှင့် ကြိုတင် ကာကွယ်ရမည့် နည်းလမ်းများကို ဆွေးနွေးခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဆွေးနွေးပွဲသို့ ကျေးရွာသူ၊ ကျေးရွာသား (၃၀)ဦးခန့် တက်ရောက် ခဲ့ကြောင်း သိရသည်။
ကျော်ဟိန်း(ပြန်/ဆက်)