ပန်းတောင်းမြို့နယ် ညောင်ကျိုးကျေးရွာတွင် NEP စီမံကိန်းဖြင့် ဆောင်ရွက်သော Solar Mini-Grid ကျေးလက်မီးလင်းရေးလုပ်ငန်းအား ကွင်းဆင်းစစ်ဆေး

ပန်းတောင်း ဇူလိုင် ၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ညောင်ကျိုး‌ကျေးရွာတွင် NEP စီမံကိန်း CFP-3 ဖြင့် ဆောင်ရွက်သော Solar Mini-Grid ကျေးလက်မီးလင်းရေးလုပ်ငန်းအား ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ပဲခူတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးသိန်း၊ ခရိုင်ဦးစီးမှူး ဦးဟန်မြင့်ထွန်းနှင့် မြို့နယ် ဦးစီးမှူး ဦးထွန်းသန်းဇော်တို့မှ ကွင်းဆင်းစစ်‌ဆေးဆောင်ရွက်ခဲ့သည်။

ထို့နောက် ကျေးရွာမီးလင်းရေးကော်မတီဝင်များ၊ ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ‌ဆွေးနွေးပြီး လိုအပ်သည်များအား ပေါင်းစပ်‌ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

သင်းသင်းအေး