မဘိမ်း ဇူလိုင် ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေ ၃ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟိန်းသူဝင်းက မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် နေအိမ် တွင်နေထိုင်ရေး(Stay at Home) အစီအစဉ်၌ အကြုံးဝင်ကြောင်းကြေညာထားသည့် မြို့နယ်များမှ လာရောက်သူများကို Quarantine Center တွင် စောင့်ကြည့်ထားရှိရန်၊ ပြည်သူများ နေအိမ် ပြင်ပထွက်ခွာသွားလာပါက နှာခေါင်းစည် Mask များ စနစ်တကျတပ်ဆင်သည့် အလေ့အကျင့်များ ရှိစေရေး ကြပ်မတ်စစ်ဆေးဆောင်ရွက်ရန်၊ မြို့နယ်အတွင်းရှိဈေးများ၌ ဈေးရောင်းဈေးဝယ်များ အား Mask တပ်ဆင်ပြီးမှသာ ဈေးအတွင်းသို့ဝင်ရောက်သွားလာကြရန်၊ အခြားမြို့နယ်များမှ မြို့အ တွင်း လာရောက်ရောင်းချကြသည့် ဈေးသည်များအား မြို့အဝင်စစ်ဆေးရေးဂိတ်တွင် တစ်ဆင့်သယ် စနစ်ဖြင့် ရောင်းချစေရေးဆောင်ရွက်ရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတိပေးနှိုး ဆော်ချက်များကို ပြည်သူများအား ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးအတွက် အသိပညာပေးလုပ်ငန်း များ ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ တင်ပြ ဆွေးနွေးမှုများအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
မျိုးမင်း (ပြန်/ဆက်)