ထားဝယ် သြဂုတ် ၅
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် ဆောင်ရွက်နေသော Volunteer များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီ ၃၀ မီနစ် အချိန်က ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကိုက တနင်္သာရီ တိုင်း ဒေသကြီးတွင် ဇူလိုင်လထက် သြဂုတ်လ ယနေ့အထိ တွင်ပိုးတွေ့ရှိမှုနည်းလာသည်ကို တွေ့ရှိရ ကြောင်း၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ တနင်္သာရီတိုင်းဒေသကြီးတွင် အောက်ဆီဂျင်မရရှိ၍ အသက်သေဆုံးရခြင်းမရှိ အောင်ကြိုးစား ပေးသွားမည်ဖြစ်ကြောင်း၊အစိုးရအဖွဲ့နှင့် အားလုံးဝိုင်းဝန်း ပြီးကြိုးစားဆောင်ရွက်ပေးရန်လိုအပ် ကြောင်း၊ ကာကွယ်ဆေးထိုးကိစ္စနှင့်ပတ်သက်၍ ၊ကျန်းမာရေး ဝန်ထမ်းများ၊ Volunteer များ နှင့်ပရဟိတ အဖွဲ့များကြိုးစားဆောင်ရွက်ပေး သည့်အတွက်ကျေးဇူး တင်ရှိကြောင်း၊ အစိုးရအဖွဲ့ အနေဖြင့် ဘာလုပ်ပေးရမလဲ/ ဘာတွေ့လိုအပ်လဲတက် ရောက်လာ သူများအနေဖြင့် ဆွေးနွေးပေးရန်လိုကြောင်း၊ ကျန်းမာရေးဝန်ထမ်းများ၊ Volunteer များ နှင့်ပရဟိတအဖွဲ့များ ကျန်မားရေးအထူးဂရုစိုက်ကြရန်လိုအပ် ကြောင်း၊ အောက်ဆီဂျင်အိုးများ ရရှိအောင် အစိုးရအဖွဲ့အနေဖြင့်အကောင်းဆုံးကြိုးစား ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ပြောကြားသည်။
ထိုနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများက ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ဆောင်ရွက် နေမှုအခြေအနေများအား ရှင်းလင်းဆွေးနွေး ခဲ့ကြပြီး Volunteer များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြုံတွေ့နေရသော အခက်အခဲများ၊ ဆောင်ရွက်နေရသည့်အခြေအနေ ၊အောက်ဆီဂျင်လိုအပ်နေမှုနှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး သုံး ပစ္စည်းများ လိုအပ်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန် ကြီးချုပ်ဦးမြတ်ကိုက သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
အစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကိုနှင့် အစိုးရအဖွဲ့ဝင် ဝန် ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ Volunteer များ ၊ လူမူရေးအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင် များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်
ကျော်ကျော်လတ်