ချောင်းဦးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm)အား အသက်၆၅နှစ်နှင့် အ ထက်ဘိုးဘွားများကို ဒုတိယနေ့အဖြစ်ဆက်လက်ထိုးနှံပေး

ချောင်းဦး  သြဂုတ် 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့အနော်ရထာခန်းမတွင် ဒုတိယနေ့အဖြစ် ယနေ့ နံနက် နာရီ အချိန်မှ စတင်ပြီး မြို့နယ်အတွင်းရှိ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုး ဘွားများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinopharm)ကို ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinopharm)ထိုးနှံပေးရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကြီးကြပ်ပြီး မုံရွာမြို့ အမှတ်၄တပ် မတော်ဆေးရုံ ကုတင်၃၀၀ မှ ဆရာဝန်နှင့်သူနာပြုများ လာရောက်ကူညီထိုးနှံပေးခဲ့သည်။ ကာကွယ်ဆေးမထိုးပေးမီ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် မီးသတ်တပ်ဖွဲ့ဝင် များမှ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ရေသန့်ဗူး နှင့်ပါးစပ်နှာခေါင်းစည်း Mask များဝေပေးခြင်း၊ ကာကွယ်ဆေးထိုးမှတ်တမ်းရေးသွင်းခြင်းများ  ပြုလုပ်ပြီးနောက် အသက်၆၅နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား ကာကွယ်ဆေးများ ထိုးနှံပေးခဲ့သည်။ အဆိုပါ ဆေးထိုးအစီအစဉ် အား အနော်ရထာခန်းမတွင် ဆေးထိုးအဖွဲ့တစ်ဖွဲ့ဖြင့် ချောင်းဦးမြို့နယ်အတွင်းရှိ  ကျေးရွာများမှ အသက်၆၅နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများကို နံနက် နာရီမှ ညနေ နာရီအထိ ထိုးနှံပေးနေပြီး ရွှေ့လျားဆေးထိုးအဖွဲ့တစ်ဖွဲ့ဖြင့်မနက်ပိုင်းတွင် ခင်မွန်ကျေးရွာ၌စုရပ်ပြုလုပ်၍ အနီးအနားကျေးရွာများရှိ သက်ကြီးဘိုးဘွားများအားလည်းကောင်း၊ ညနေပိုင်းတွင် သံဃာတော် များရှိသည့် ဇေယျသုခဘုန်းတော်ကြီကျောင်းနှင့် နဂါးနီသာသနဗိမ္မာန်တော်တွင် သံဃာတော် များအား ကာကွယ်ဆေးများ ထိုးနှံပေးခဲ့သည်။

ချောင်းဦးမြို့နယ်အတွက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm)အလုံးရေ ၁၀၀၀ ရရှိ ထားပြီး ကာကွယ်ဆေးတစ်လုံးကို လူနှစ်ဦးနှုန်းဖြင့်လူ၂၀၀၀ ထိုးနှံပေးသွားဖြစ်ကြောင်း၊ ယခု အခါ ဒုတိယနေ့အဖြစ် ဆက်လက်ထိုးနှံပေးနေပြီး ချောင်းဦးမြို့နယ်အတွင်း သက်ကြီးဘိုးဘွား နှင့် သံဃာတော် ၁၃၁၂ ဦး ကာကွယ်ဆေးထိုးနှံပြီးစီးကြောင်း၊ အသက်၆၅နှစ်နှင့် အထက်ဘိုး ဘွားများထိုးနှံပေးပြီးမှ ကျန်ရှိနေသောဆေးများအား  ပြည်သူများကို ဦးစားပေးအစီအစဉ် အတိုင်းထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးနေမှု့အားချောင်းဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထူးကျော်၊ အဖွဲ့ဝင်များဖြစ်သည့် ဗိုလ်မှူးအောင်ကိုမင်း၊ ဦးသန်းထိုက်၊ ဦးခင်မောင်မြင့်နှင့် အတွင်းရေးမှူးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းအောင်တို့က အားပေးကြည့်ရှု့ခဲ့ ပြီးဌာနဆိုင်ရာတာ ဝန်ရှိသူများ၊ တပ်မတော်၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် စာရေး များက ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

ဝင်းမြင့်အောင်