လပွတ္တာမြို့နယ် မြို့မရဲစခန်းအချုပ်ခန်းမှ အကျဉ်သားများအား ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinophram) ကို ထိုးနှံပေး

လပွတ္တာ သြဂုတ် ၅

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinophram)ကို လပွတ္တာမြို့နယ် မြို့မရဲစခန်း အချုပ်ခန်းမှ အကျဉ်သားများကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်က လပွတ္တာမြို့နယ် မြို့မရဲစခန်းအချုပ်ခန်းနှင့် လပွတ္တာမြို့နယ် ဆေးရုံအဟောင်း အစည်းအဝေး ခန်းမတို့တွင် ကာကွယ်ဆေး ထိုးပေးခဲ့ကြောင်း သိရသည်။

လပွတ္တာမြို့နယ်ရဲတပ်ဖွဲ့၊ လပွတ္တာမြို့မရဲစခန်းတွင် လက်ရှိချုပ်​နှောင်ထား​သော အကျဉ်သား(ကျား)(၈၁)ဦး၊ (မ)(၅)ဦး၊ စုစု​ပေါင်း(၈၆)ဦးတို့အား ကိုဗစ်-၁၉ကာကွယ်ဆေး (Sinophram)ကို လပွတ္တာမြို့နယ် မြို့မရဲစခန်းအချုပ်ခန်းသို့ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ဆရာ၊ ဆရာမ ၁၀ ဦးတို့က လာရောက်ထိုးနှံပေးခဲ့ပြီး လပွတ္တာမြို့နယ် ဆေးရုံဟောင်း တို့တွင်လည်း သွားရောက် ထိုးနှံခဲ့ကြသည်။

အဆိုပါဆေးထိုးနှံမှု အခြေအနေများကို ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ကျန်းမာ​ရေး ဦးစီးဌာနက တာဝန်ရှိသူတို့မှ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမှုများကို ကြီးကြပ်ခဲ့ကြောင်း သိရသည်။

ယောဧရာ (ခရိုင်ပြန်/ဆက်)