ဝိုင်းမော် သြဂုတ် ၅
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်အတွင်း ကိုဗစ်- ၁၉ ပိုးတွေ့အတည်ပြုလူနာ များနှင့် အောက်စီဂျင်အရေးပေါ်လိုအပ်ပါက အခက်ခဲမရှိ အဆင်ပြေစွာ ကျန်းမာရေးစောင့် ရှောက်မှု ကုသပေးနိုင်ရန်အတွက် ဝိုင်းမော်မြို့နယ် ပြည်သူ့ဆေးရုံသို့ Oxygen Concentrator စက်များကို ယမန်နေ့က ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရ သည်။
ထိုသို့ လှူဒါန်းရာတွင် ဝိုင်းမော်မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်ချုပ်၊ ကုသရေး ကော်မတီ ဥက္ကဋ္ဌ ဦးဇော်မင်းဦး ဦးဆောင်မှုဖြင့် ဝိုင်းမော်မြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ်- ၁၉ ပိုးတွေ့အတည်ပြု လူနာများအနက် အောက်ဆီဂျင်အရေးပေါ်လိုအပ်လာပါက ပြတ်လပ်မှုမရှိ စေရန်အတွက် Oxygen Concentrator (၁၀) လုံးကို အလှူရှင်များမှ လှူဒါန်းထားသော ရန်ပုံငွေဖြင့်မှာယူ၍ အလှူရှင်များမှ လာရောက်လှူဒါန်းခဲ့ရာဝိုင်းမော်မြို့နယ် ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှူး ဒေါက်တာသိန်းမြို့က လက်ခံရယူခဲ့ကြောင်း သိရသည်။
ခိုင်သက်မွန်