မိုင်းရှူး ဩဂုတ် ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးလင်းထိုက်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုကာလအတွင်း ရဟန်းသံဃာများ နှင့်သီလရှင်များ ဆွမ်းပြတ်လပ်မှု မရှိစေရေးအတွက် ယနေ့နံနက်ပိုင်းက ဘုန်းတော်ကြီး ကျောင်းများနှင့် ပရိယတ္ တိစာသင်တိုက်များသို့ သွားရောက်၍ ဆွမ်းဆန်အိတ်များ သွားရောက် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့သွားရောက်လှူဒါန်းရာတွင် ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီမှ ပေးပို့လှူဒါန်း ထားသော ဆန်အိတ်များကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလင်းထိုက်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက မိုင်းရှူးမြို့ပေါ် ကျောင်းများဖြစ်သည့် မြို့လယ်ဘုရားကြီးကျောင်း၊ ယုံးပေါင်ကျောင်း၊ ယုံဆန်းကျောင်း၊ စိတ္တသုခကျောင်း၊ ဓမ္မရောင်ခြည်ကျောင်း၊ အောင်ရတနာ ကျောင်းများသို့ သွားရောက်လှူဒါန်းခဲ့ပြီး ကျန်ရှိသော ဘုန်းတော်ကြီး ကျောင်းများကိုလည်း ဆက်လက်ပေးပို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)