သတင်းများ

မြ၀တီနယ်စပ်မှ Liquid Qxygen အရည် (၁၀)တန် သယ်ဆောင်လာသည့်မော်တော်ယာဉ် ရန်ကုန် ပြည်သူ့ ဆေးရုံကြီးသို့ထပ်မံရောက်ရှိ
Aug 10,2021
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် အောက်ဆီဂျင်အပါအဝင် ကိုဗစ်အထောက်အကူပြု ဆေးနှင့်ပစ္စည်းများ တင်သွင်းမှုကို မြ၀တီ နယ်စပ်မှ တဆင့် ခွင့်ပြုပေးလျက်ရှိရာ Liquid Qxygen အရည် (၁၀)တန်သယ်ဆောင်လာသည့် မော်တော်ယာဉ်သည် ယမန်နေ့ ည(၁၁း၄၅)နာရီ အချိန် တွင် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ရောက်ရှိလာကြောင်းသိရသည်၊၊
အမ်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများအား အသိပညာပေးနှိုးဆော်
Aug 09,2021
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချူပ်နိုင်ရေးအတွက် ပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်ရမည့် အချက်များအား ယနေ့နံနက် ၉ နာရီအချိန်က မြို့ပေါ် လမ်းဆုံလမ်းမများနှင့် ရပ်ကွက်ကျေးရွာများသို့ သွားရောက်၍ အသံချဲ့စက်ဖြင့် အသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။
မိုးညှင်းမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Aug 09,2021
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်မှ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား အခြေခံစားကုန်များ ထောက်ပံ့
Aug 09,2021
ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကရင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား အခြေခံစားကုန်ထောက်ပံ့ပေးခြင်း အခမ်းအနားကို ယနေ့နံနက်(၁၀) နာရီက ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပခဲ့သည်။
ဒလမြို့နယ်ရှိ ပြည်သူများ၏ သောက်သုံးရေ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့် ရေသန့်စင်စက်ရုံ စီမံကိန်းလုပ်ငန်းများဆောင်ရွက်နေ  ရေသယ်ပိုက်လိုင်း သွယ်တန်းခြင်း ၇၀ ရာခိုင်နှုန်းပြီးစီး
Aug 09,2021
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်ရှိ ဒေသခံပြည်သူများစွာတို့၏ သောက်သုံးရေ လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်မည့် တစ်နေ့လျှင် သုံးရေဂါလန် ၃ ဒသမ ၃ သန်း နှင့်  သောက်ရေဂါလန် ၆၆၀၀၀ ဖြန့်ဝေပေးနိုင်မည့် နိုင်ငံတကာအဆင့်မီ ရေသန့်စင်စက်ရုံ စီမံကိန်း အကြိုလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဒလ-တွံတေး ကားလမ်းမကြီး တစ်လျှောက်  အချင်း ၆၃၀ မီလီမီတာ (၂၄လက်မ)ရှိ HDPE  Main Transmission ရေသယ်ပိုက်လိုင်း သွယ်တန်းခြင်း လုပ်ငန်းများ အနေဖြင့် ၇၀ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးလျက်ရှိကြောင်း ဒလမြို့နယ် ရေရရှိရေးနှင့်ရေပေးဝေရေး လုပ်ငန်းတာဝန်ခံ အဖွဲ့မှ သိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးသုံး ပစ္စည်းများပေးအပ်လှူဒါန်း
Aug 09,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် အောက်ဆီဂျင်အိုးနှင့် ကုသရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ် လှူဒါန်းခြင်းကို ယနေ့မွန်းလွဲ (၂)နာရီအချိန်က အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းခန်းမတွင် ပြုလုပ်ခဲ့သည်။
မင်းပြားမြိုနယ်တွင် ရဟန်းရှင်လူပြည်သူများအား (Sinopharm) ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံ
Aug 09,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်အတွင်းရှိ အသက်(၆၅)နှစ်အထက် သက်ကြီး ရွယ်အိုများအား လတ်တလောအသက်ရှု လမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ကူးစက်မှုမှ ကြိုတင် ကာကွယ်နိုင်ရန်အတွက် ကာကွယ်ဆေး ဆက်လက်ထိုးနှံခြင်းကို မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ သတ်မှတ်စုရပ်နေရာများထားရှိပြီး ယနေ့ နံနက် ၁၀ နာရီက အဆိုပါနေရာများ၌ မြို့နယ် ကျန်းမာရေး ဝန်ထမ်းများက (Sinopharm) ကိုဗစ်-၁၉ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သနပ်ပင်မြို့နယ်ရှိ မွေးမြူရေးလုပ်ငန်းများအား သွားရောက်ကွင်းဆင်းကြည့်ရှု
Aug 09,2021
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၉ နာရီခွဲက သနပ်ပင်မြို့နယ်ရှိ မွေးမြူရေးလုပ်ငန်းများအား သွားရောက်ကွင်းဆင်း ကြည့်ရှုခဲ့သည်။