သတင်းများ

ဟားခါးမြို့၌ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံပေးနေမှုအား ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ကြည့်ရှုအားပေး
Aug 09,2021
ချင်းပြည်နယ်၊ ဟားခါးမြို့တွင် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီမှစ၍ ဟားခါးမြို့ မြို့တော်ခန်းမ၊ အထက(၁)ခန်းမ၊ အထက(၂)ခန်းမနှင့် ဟားခါးထာရ်ရပ်ကွက်တို့တွင် ဆေးထိုးစုရပ်လေးနေရာခွဲ၍ စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ အောက်ဆီဂျင်စက်ရုံ ဆောက်လုပ်ရန် မြေနေရာရှင်းလင်းရေးလုပ်ငန်းများ စတင်ဆောင်ရွက်
Aug 09,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာများနှင့် အခြားသော နာမကျန်းလူနာများအတွက် အောက်ဆီဂျင် လိုအပ်ချက်အခက်အခဲ မဖြစ်စေရေး အတွက် မြို့နယ်ကိုဗစ် - ၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်သမ္မာဆန္ဒကရုဏာရှင်များနာမှုကူညီရေး အသင်းနှင့် မြို့မိမြို့ဖများ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ပွင့်ဖြူမြို့၊ သက်တော်ရှည်ရပ်ကွက်ရှိ စကားဝါလမ်းထောင့်နှင့် အင်ကြင်းလမ်းထောင့်ရှိ မြေကွက်တွင် အောက်ဆီဂျင်စက်ရုံ တည်ဆောက်နိုင်ရေးအတွက် မြေနေရာရှင်းလင်းရေး လုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
ဟုမ္မလင်းမြို့၌ အောက်ဆီဂျင်စက်ရုံ ဆောက်လုပ်လျက်ရှိ
Aug 09,2021
မြို့နယ်လုံးဆိုင်ရာပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တဉာဏိက သာသနာ့ ဇောတိက မြို့မကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဣန္ဒဝံသ၏ သြဝါဒနှင့် ဟုမ္မလင်းတပ်နယ်မှူး ဗိုလ်မှူးချုပ် မြင့်သောင်း၏ လမ်းညွှန်ချက်တို့နှင့်အညီ မြို့နယ်အောက်ဆီဂျင်စက်ရုံ ဆောက်လုပ်ရေး ကော်မတီက ဟုမ္မလင်းမြို့နယ်တွင် အောက်ဆီဂျင်စက်ရုံဆောက်လုပ်ရေးလုပ်ငန်းများကို ဇူလိုင် ၃၁ ရက်မှ စတင်ကာ ဆောင်ရွက်လျက်ရှိသည်။
ဟားခါးမြို့ ပြည်သူ့ဆေးရုံအတွက် တပ်မတော်က လှူဒါန်းသည့် အောက်ဆီဂျင် Plant ရောက်ရှိမှု ပြည်နယ်ဝန်ကြီးချုပ် သွားရောက်ကြည့်ရှုစစ်ဆေး
Aug 09,2021
ဟားခါးမြို့၊ ပြည်သူ့ဆေးရုံကြီးတွင် အောက်ဆီဂျင်လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေး အတွက် တပ်မတော်မှ လှူဒါန်းသည့် အောက်ဆီဂျင် Plant သည် ယနေ့နံနက် ၁၁ နာရီခွဲတွင် ဟားခါးမြို့ပြည်သူ့ဆေးရုံသို့ရောက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု ကြသည်။
ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း စစ်တွေမြို့နယ်အတွင်းရှိ မုန်တိုင်းဒဏ်ခံ အဆောက်အဦများနှင့် ကယ်ဆယ်ရေးပစ္စည်းသိုလှောင်ရုံများသို့ သွားရောက်ကြည့်ရှုစစ်ဆေး
Aug 09,2021
ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက  စစ်တွေ မြို့နယ်အတွင်းရှိ မုန်းတိုင်းဒဏ်ခံ အဆောက်အဦများနှင့် ကယ်ဆယ်ပစ္စည်းသိုလှောင်ရုံများသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ပွင့်ဖြူမြို့နယ် ကိုဗစ်-၁၉ မြို့နယ်အဆင့် ကော်မတီများ၊ စပါးစိုက်တောင်သူများ၊ စိုက်ပျိုးရေးဝန်ထမ်းများနှင့်တွေ့ဆုံ
Aug 09,2021
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် ဩဂုတ်လ ၈ ရက်နေ့ မွန်းလွဲပိုင်းက အဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါကာ ပွင့်ဖြူမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမသို့ ရောက်ရှိပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနေမှု အခြေအနေများအား ကြည့်ရှုအားပေးကာ အုပ်စုအလိုက် ထိုးနှံပေးရမည့်သူများ ကျန်ရှိမှုမရှိစေရေးနှင့် သတ်မှတ်ရက်အတွင်း ထိုးနှံပြီးစီးအောင် ဆောင်ရွက်ကြရန် မှာကြားခဲ့ပြီး ကာကွယ်ဆေးထိုးရန်လာရောက်သူများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေးခဲ့သည်။
ဆီဆိုင်မြို့ ပြည်သူ့ဆေးရုံတွင် ဘက်စုံအသုံးပြုရန် အလှူငွေလှူဒါန်း
Aug 09,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးတို့တွင် အသုံးပြုရန်အတွက် အလှူငွေများကို ယနေ့ နံနက် ၁၀ နာရီခန့်က လှူဒါန်းခဲ့ကြောင်း သိရသည်။
ဖောင်းပြင်မြို့နယ်တွင် အောက်ဆီဂျင်စက်ရုံ တည်ဆောက်နိုင်ရေးအတွက် ပန္နက်ရိုက်ခြင်း ဆောင်ရွက်
Aug 09,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် အောက်ဆီဂျင်စက်ရုံအား တစ်ဦးချင်း အလှူရှင်များ၊ ကျေးရွာအုပ်စုများအလိုက် အလှူရှင်များ၏ စုပေါင်းငွေဖြင့် တည်ဆောက် သွားမည်ဖြစ်ရာ ယနေ့ နံနက် ၈ နာရီခွဲအချိန်က ပန္နက်ရိုက်ခြင်း စတင်ဆောင်ရွက် ကြောင်း သိရသည်။