ခန္တီးမြို့ ပေါမိုင်းရပ်ကွက်ရှိ သာစည်မြစ်ကမ်းပါးထိန်းနံရံ ချင်းတွင်းမြစ်ရေ တိုက်စားမှုအခြေအနေ တာဝန်ရှိသူများကြည့်ရှုစစ်ဆေး
Aug 06,2020
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေကျပ် ၂၉၁ ဒသမ ၄ သန်းဖြင့် ထက်ရွှေအိမ်စံကုမ္ပဏီမှ တာဝန် ယူဆောင်ရွက်သည့် ခန္တီးမြို့ ပေါမိုင်းရပ်ကွက်၊ သာစည်မြစ်ကမ်းပါးထိန်းနံရံ ချင်းတွင်းမြစ်ရေတိုက်စားမှု အခြေအနေကို ဩဂုတ်လ ၅ ရက် ယမန်နေ့က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလှိုင်ဝင်း မြို့နယ်အုပ်ချုပ်ချုပ်ရေးမှူး ဦးလှမြင့်နှင့် စည်ပင်သာယာရေးကော်မတီ ဦဘကြိုင်တို့က သွားရောက်ကြည့်ရှုစစ်ဆေးရာ ကမ်းနားမြေသားအနည်းငယ် တိုက်စားနေမှုကိုသာတွေ့ရှိရပြီး ကမ်းပါးထိန်းနံရံအောက်ခြေမှာ ကွန်ကရစ်အခိုင်အမာ တည်ဆောက်ထားခြင်းကြောင့် ပြိုကျ ပျက်ဆီးနိုင်မှုအခြေအနေမတွေ့ရှိရကြောင်းစိစစ်တွေ့ရှိရကြောင်း သိရသည်။