လားရှိုး ဩဂုတ် ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် အောက်ဆီဂျင်အိုးနှင့် ကုသရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ် လှူဒါန်းခြင်းကို ယနေ့မွန်းလွဲ (၂)နာရီအချိန်က အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းခန်းမတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်နိုင်နိုင်ဦးက ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများအတွက် စိတ်အားထက်သန်စွာလှူဒါန်းပေးကြသော အလှူရှင်များအား ကျေးဇူးတင်စကား ပြောကြားပြီး အလှူရှင်များက လှူဒါန်းသော အောက်ဆီဂျင်အိုးနှင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးသုံး ပစ္စည်းများအား လက်ခံရယူခဲ့သည်။
ထိုသို့လှူဒါန်းရာတွင် နမ့်ခမ်းမြို့၊ ပြည်သူ့စစ်ဌာနေအဖွဲ့မှ PPE ဝတ်စုံ(၆၀၀)စုံ၊ 40L ဆံ့အောက်ဆီဂျင်အိုး(၅၅)လုံး၊ ဆေးဝါးများအားလည်းကောင်း၊ Galaxy Star မိသားစုနှင့် စိတ္တသုခပရဟိတလူမှုကူညီရေး အသင်းမှ 40 L ဆံ့ အောက်စီဂျင်အိုး(၄၀)လုံး၊ ပါးစပ်နှာခေါင်းစည်း MASK (၆၀၀၀၀)ခု၊ PPE ဝတ်စုံ(၆၂)စုံအား လည်းကောင်း၊ Myanmar Xinguang Medical Gas Company Limited မှ Test Kit (၄၀)ခု၊ ပါးစပ်နှာခေါင်းစည်း MASK (၃၀၀၀၀)ခု၊ PPE ဝတ်စုံ(၅၀)စုံ၊ Oxygen Concertrator(10L) (၂)လုံး၊ ငွေကျပ်(၃၅)သိန်းအား လည်းကောင်း၊ Myanmar Hong Xing Energy Company Limited မှ Test Kit(၄၀)စုံ၊ ပါးစပ်နှာခေါင်းစည်း MASK(၃၀၀၀၀)ခု၊ PPE ဝတ်စုံ(၅၀)စုံ၊ Oxygen Concertrator(10L) (၂)လုံး၊ ငွေကျပ်(၃၅)သိန်းအား လည်းကောင်း၊ ဦးလူရှိး(အဲဗားရှိုင်းကုမ္ပဏီ လားရှိုး) မှ ကိုဗစ်ကုသရေးစင်တာရှိ လူနာများအတွက် ထမင်း စရိတ်ကျပ်သိန်း(၆၀)အားလည်းကောင်း၊ ဒေါက်တာတင်အောင်(အောင်ဆေးရုံမိသားစု)မှ ကိုဗစ်စင်တာ လူနာများအတွက် ငွေကျပ်(၁၀)သိန်းအားလည်းကောင်း၊ စိန်ရတနာဟိုတယ် မိသားစုမှ 40L ဆံ့အောက်ဆီဂျင် အိုး(၅)လုံး၊ အောက်စီဂျင်ပိုက်(၁)ဖာ၊ ဦးစိုးတင့် (မြန်မာ့အထွဋ်အထိပ်သတ္တုတွင်းလုပ်ငန်း ကုမ္ပဏီလီမိတက် ရန်ကုန်) မှ Oxygen Concertrator (10L) (၉)လုံးအားလည်းကောင်း၊ ကိုမင်းသူ (ဖုန်တိန်စီဟိုင်း ကုမ္ပဏီ) မှပါးစပ်နှာခေါင်းစည်း MASK (၃၀၀၀၀)ခု၊ ပိုးသတ်ဆေး(၅)ပုံး၊ အရက်ပြန်(၅)ပုံး၊ Oxygen Concertrator(10L) (၂)လုံးတို့အား အသီးသီးပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ဥမ္မာချို