သတင်းများ

ကျီခါးမြို့၌ အသက်(၆၅)နှစ်အထက်ရှိ မိဘပြည်သူများအား ကိုဗစ်-၁၉‌ရောဂါကာကွယ်ဆေး ထိုးနှံပေး 
Aug 09,2021
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့ရှိ အသက်(၆၅)နှစ်အထက် ရှိမိဘပြည်သူများ၊ကာကွယ်‌ဆေးထိုးနှံရန်ကျန်ရှိနေသည့် နိုင်ငံ့ဝန်ထမ်းများနှင့် Volunteer များအား  သတ်မှတ် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinnopharm)ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲက စုရပ်ဖြစ်သည့် ကျီခါးမြို့ မိုးလုံလေ လုံအားကစားခန်းမ၌ ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများက ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြစ်သားမြို့နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး Stay at Home စည်းကမ်း ချက်များ လိုက်နာခြင်း ရှိ/ မရှိ စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်
Aug 09,2021
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ် ပေါ်စေရေးနေ (Stay at Home) အစီအစဉ် ချမှတ်ဆောင်ရွက်လျက်ရှိရာ ​ဒေသခံပြည်သူများ၏ လိုက်နာရမည့် စည်းကမ်းချက်များနှင့်အညီ လိုက်နာခြင်းရှိ/မရှိ ယနေ့နံနက်(၈)နာရီက စတင်၍ စစ်ဆေးမှုများကို  ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုးကောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူစက်မှုအား အရှိန်အဟုန်မြှင့် စစ်ဆေးကြပ်မတ် ထိန်းချုပ်ခြင်း လုပ်ငန်းများအတွက် လိုက်နာရမည့် စည်းကမ်းချက်များ အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်
Aug 09,2021
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ Stay At Home အစီအစဉ်တွင်ပါဝင်သော မိုးကောင်းမြို့ နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်မှုအား အရှိန်အဟုန်မြှင့် စစ်ဆေးကြပ်မတ် ထိန်းသိမ်းခြင်း လုပ်ငန်းများ အတွက် လိုက်နာရမည့် စည်းကမ်းချက်များကို ယနေ့ နံနက် ၇ နာရီမှစတင်၍ ပျံကျဈေးများ၊ မီးပွိုင့်လမ်းဆုံ၊ လမ်းဆုံလမ်းထောင့်များ၌ အသံချဲ့ စက်ဖြင့် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသားများ မြဝတီ အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် ၂၀၂ ဦး ဆက်လက်ဝင်ရောက်
Aug 09,2021
ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး နေရပ်ပြန်လိုသည့် မြန်မာ နိုင်ငံသားများအား မြဝတီမြို့၊ မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့်  ပြန်လည်ကြိုဆို လက်ခံခြင်းကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှစတင် ဆောင်ရွက်ပေးလျက်ရှိရာ  ယနေ့တွင် ၂၀၂ ဦး ဆက်လက် ဝင်ရောက်ခဲ့ကြောင်း သိရသည်။
ရွာငံမြို့နယ်တွင် Oxygen Plant တည်ဆောင်နိုင်ရေး ညှိနှိုင်းအစည်းအဝေး ပြုလုပ်
Aug 09,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်တွင် Oxygen Plant တည်ဆောက်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီခွဲက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
လေရှီးမြို့တွင် ကျန်းမာရေးစစ်ဆေးရေး ဂိတ်များသွားရောက် စစ်ဆေးပြီး စားသောက်ကုန်နှင့် ရောဂါကာကွယ်ရေး ဆက်စပ်ပစ္စည်းများ ထောက်ပံ့
Aug 09,2021
နာဂဒေသ၊ လေရှီးမြို့တွင် ဖွင့်လှစ်ထားသော ကျန်းမာရေး စစ်ဆေးရေး ဂိတ်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင်နှင့် ကော်မတီအဖွဲ့ဝင်များ၊ ဒေသ volunteer များနှင့် ဌာနဆိုင်ရာအကြီးအကဲများ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီ အချိန်၌ လူအသွားအလာနှင့် ယာဉ်အသွားအလာများ စစ်ဆေးနေမှု အခြေအနေ များကို သွားရောက်စစ်ဆေးခဲ့ပြီး တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား ခေါက်ဆွဲ၊ ကြက်ဥများနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ဆက်စပ်ပစ္စည်းများ ဖြစ်သည့် Mask၊ လက်သန့်ဆေးရည်၊ လက်အိတ်များကို သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။
ဒုံဟီးမြို့တွင် ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားရေး မြို့ဝင်၊မြို့ထွက်ဂိတ်တွင် စောင့်ကြပ်စစ်ဆေး
Aug 09,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်ယွန်းမြို့နယ်၊ဒုံဟီးမြို့နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါမကူးစက်နိုင်ရေးကြိုတင်ကာကွယ်သည့်အနေဖြင့် ဒုဟီး၊နန်ယွန်း အထွက်လမ်းနှင့် ဒုံဟီး၊ လဟယ်အဝင်လမ်းဂိတ်နှစ်နေရာတို့တွင် ကျန်းမာ‌ရေးနှင့် လူအဝင်အထွက် စစ်‌ဆေးရေးဂိတ်များ ဖွင့်လှစ်ပြီး  ဇူလိုင်လ (၁၄) ရက်နေ့စတင်၍ အထူးကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ချောင်းသာမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်း
Aug 09,2021
ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ယနေ့နံနက် ၈ နာရီ အချိန်မှ စတင်၍ နေ့လယ် ၁၂ နာရီအချိန်အထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ချောင်းသာမြို့ အမှတ်(၃)ရပ်ကွက်ရှိ အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများ၊ ကျန်ရှိနေသေးသည့် နိုင်ငံဝန်ထမ်းများ၊ စားသောက်ဆိုင်များရှိ ဝန်ထမ်းများ၊ ရွှေသာယာ မြို့မစျေးရှိ စျေးသည်များနှင့် Hotel & Motel၊ တည်းခိုခန်းများရှိ အလုပ်သမားများအား လူမျိုးဘာသာမရွေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။