နွယ်နီကျေးရွာရှိ ကမ်းပြိုဘေးသင့်ခဲ့သည့် ပြည်သူများအား ထောက်ပံ့ပေးအပ်
Jan 02,2020
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ယနေ့ ညနေ ၃ နာရီအချိန်တွင် ချင်းတွင်းမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုဘေးသင့်ဖြစ်ပွားခဲ့သည့် နွယ်နီကျေးရွာအုပ်စု၊ နွယ်နီကျွန်း ကျေးရွာရှိ ပြည်သူများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့သည်။