မိုင်းယောင်း၌ ရေရရှိရေးလုပ်ငန်းအတွက် ရန်ပုံငွေများ ပေးအပ်
Aug 13,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ရှမ်းပြည်နယ်အစိုးရ၏ ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း ၂၀၀ ဖြင့် ရေရရှိရေးလုပ်ငန်းဆောင်ရွက်မှုအပေါ် တတိယအရစ်အဖြစ် ရန်ပုံငွေ ၂၅ ရာခိုင်နှုန်း ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။