သတင်းများ

သဲကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး(Sinovac)ဆက်လက် ထိုးနှံပေး
Aug 14,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် စက်ရုံအလုပ်ရုံလုပ်သားများ၊ စည်ပင်သာယာစျေးများမှ​စျေးရောင်း သူများနှင့်အချုပ်သားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinovac)ဆက်လက် ထိုးနှံပေး လျက်ရှိ‌ကြောင်း သိရသည်။
တာချီလိတ်ခရိုင် ပြည်သူ့ဆေးရုံကြီးတွင် အောက်ဆီဂျင်အသက်ရှုစက် လေးလုံးနှင့်အတူ ကျန်းမာရေး ဝန်ထမ်း ၁၀၀ဦးအတွက် ထိုင်းဘတ် ၃၂၀၀၀၀ တန်ဖိုးရှိ အခြေခံစားကုန်များ ငွေများထောက်ပံ့
Aug 14,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ် ခရိုင်ပြည်သူ့ဆေးရုံသို့ အောက်ဆီဂျင်အသက်ရှုစက် လေးလုံး နှင့်အတူ ကျန်းမာရေး ဝန်ထမ်းများအတွက် ထိုင်းဘတ် ၃၂၀၀၀၀ တန်ဖိုးရှိအခြေခံစား သောက်ကုန်များ၊ ထောက်ပံ့ငွေများကို ယမန်နေ့ မွန်းလွဲပိုင်းက  ပြည်သူ့ဆေးရုံ၌ ထောက်ပံ့လှူဒါန်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ မန်ဂျယ်ပြည်သူ့စစ်ဌာနေမှ ပန်ဆိုင်း (ကြူကုတ်)မြို့ပေါ်ရှိ အခြေခံလူတန်းစားများအတွက် ဆန်နှင့် ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများလှူဒါန်း
Aug 14,2021
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့ပေါ်ရှိ အခြေခံလူတန်းစားများ အတွက် အရှေ့မြောက်တိုင်းစစ်ဌာနချူပ် ကွပ်ကဲမှု့အောက်ရှိ ဌာနေမန်ဂျယ်ပြည်သူ့စစ်က ဆန်များနှင့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများနှင့် ဆေးဝါးများ ထောက်ပံ့ လှူဒါန်းခြင်းကို ယမန်နေ့ မွန်းလွဲ၂နာရီအချိန်က ရပ်ကွက်(၅)ရှိ တရုတ်စာသင်ကျောင်း ခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။   
လပွတ္တာမြို့နယ်အတွင်း၌ သဘာဝဘေးအန္တရာယ်အရေးပေါ် တုံ့ပြန် ကူညီကယ်ဆယ်နိုင်ရန် ရှာ‌ဖွေကယ်ဆယ်‌ရေး အဖွဲ့ဝင်အင်အား အသင့်ပြင်ဆင် ဆောင်ရွက်ထားရှိ
Aug 14,2021
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၌ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် မီးသတ်ဦးစီးဌာန၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် လပွတ္တာမြို့နယ် မီးသတ်စခန်းရှေ့ကွင်း၌ ယမန်နေ့ နံနက်ပိုင်းက သဘာဝဘေးရှာဖွေကယ်ဆယ်ရေး အဖွဲ့များဖွဲ့သည်းပြီး အသင့်ပြင်ဆင် ဇာတ်တိုက်ခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသားများ မြဝတီ အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် ၂၀၄ ဦးဆက်လက်ဝင်ရောက်
Aug 14,2021
ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး နေရပ်ပြန်လိုသည့် မြန်မာ နိုင်ငံသားများအား မြဝတီမြို့၊ မြန်မာ-ထိုင်းအမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့်  ပြန်လည်ကြိုဆို လက်ခံခြင်းကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှစတင် ဆောင်ရွက် ပေးလျက်ရှိရာ  ယနေ့တွင် ၂၀၄ ဦးဆက်လက်ဝင်ရောက်ခဲ့ကြောင်း သိရသည်။
ဝါးခယ်မမြို့နယ်သို့ အောက်ဆီဂျင်ထုတ်လုပ်သည့် စက်ရောက်ရှိ
Aug 14,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်သို့ကိုဗစ်−၁၉ ရောဂါထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန်မြို့နယ်၏ ကိုယ့်အားကိုယ်ကိုးရန်ပုံငွေဖြင့် ဝယ်ယူထားသည့် တရုတ်နိုင်ငံ ထုတ် အောက်ဆီဂျင်စက်သည် မူဆယ်မြို့၊(၁၀၅)မိုင်ယာဉ်စစ်ဆေးရေးဂိတ်မှတဆင့် ဝါးခယ်မမြို့သို့ ယမန်နေ့ ညနေ(၆)နာရီကရောက်ရှိလာကြောင်းသိရသည်။
မြဝတီမြို့၌ ဆေးဝါးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး သတ်မှတ်အရည်အသွေးနှင့် ဈေးနှုန်း မှန်ကန်ရေး လိုက်လံ စစ်ဆေး
Aug 14,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်အတွင်းရှိ ဈေးကွက်အတွင်း ဆေးဝါးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး၊ သတ်မှတ်အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စေရေးအတွက် ယမန်နေ့နံနက် ၉ နာရီက လိုက်လံ စစ်ဆေးခဲ့ကြောင်း သိရသည်။
ဒိုက်ဦးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အသက် ၁၈နှစ်ပြည့်ပြီးသူ ပြည်သူများအား ကိုဗစ် ၁၉ ကာကွယ်ဆေးများထိုးနှံပေး
Aug 14,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက မြို့နယ်အတွင်းရှိအသက် ၁၈ နှစ်ပြည့်ပြီးသူ ပြည်သူများအားရောဂါကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၈ နာရီမှ စတင်၍ ညနေ ၄ နာရီအထိ မြို့နယ်အားကစားကွင်း မိုးလုံလေလုံအားကစားရုံအတွင်း၌ ပြုလုပ်သည်။