မြို့သစ်မြို့နယ် ပန်းတောကျေးရွာနှင့် ရွှေဘိုကျေးရွာချင်းဆက်လမ်းရှိ လိမ်ပင်ရိုးတံတားချင်းကပ်နံရံ ပြိုကျ ပျက်စီး

မြို့သစ် သြဂုတ် ၁၃

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ဆူးတပ်ကြီးအုပ်စု ပန်းတောကျေးရွာနှင့် ရွှေဘိုကျေးရွာ ကျေးရွာချင်းဆက် လမ်းပေါ်ရှိ လိမ်ပင်ရိုးတံတား အလျား ၂၀ ပေ၊ အနံ ၁၅ ပေ၊ အမြင့် ၇ ပေ ရှိသော ကွန်ကရစ်တံတားသည် သြဂုတ်လ ၁၂ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းသဖြင့် ချောင်းရေများ ကျကာ ယနေ့ နံနက် ၁ နာရီအချိန်က ချင်းကပ်တံတားနံရံ ပြိုကျကြောင်းသိရသည်။

အဆိုပါ လိမ်ပင်ရိုးတံတားကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တိုင်းဒေသကြီးလွှတ်တော်ရန်ပုံငွေကျပ် သိန်း(၅၀)ဖြင့် ကျေးရွာတံတား တည်ဆောက်ရေးအဖွဲ့က တည်ဆောက်ခဲ့ပြီး သြဂုတ်လ ၁၂ ရက်နေ့ ညနေက မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးရေတိုက်စားကာ တံတား၏အရှေ့ဘက်ခြမ်း ချင်းကပ်နံရံ ပြိုကျပျက်စီးခဲ့သဖြင့် လမ်းအား ယာယီ သွားလာနိုင်ရေး ကျေးရွာပြည်သူများ၏ အစီအစဉ်ဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ 

သန်းဝင်းထွန်း