တောင်တွင်းကြီး ဩဂုတ် ၁၃
မကွေးတိုင်းဒေသကြဦး၊ တောင်တွင်းကြီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား အထောက်အကူဖြစ်စေရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့ နံနက် (၁၀)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်း ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစဦးဌာန၊ မြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်စေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မိမိတို့နေအိမ်အတွင်း၌သာ နေထိုင်ကြရန်၊ မလိုအပ်ဘဲ အပြင်သို့ လုံးဝမထွက်ကြရန်နှင့် မဖြစ်မနေထွက်ရပါကလည်း ပါးစပ်နှင့်နှာခေါင်းစည်း (mask)များ တပ်ဆင်ပြဦးမှသာ အပြင်သို့ထွက်ခွာကြရန် လူစုလူဝေးများမပြုလုပ်ရန် ကန့်သတ်ချက်အား လိုက်နာဆောင်ကြရန်၊ ပျက်ကွက်သူများကို သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကျန်းမာ ရေးနှင့်အားကစား ဝန်ကြဦးဌာနမှ ထုတ်ပြန်ထားသည့် ရောဂါကာကွယ်ရေးဆိုင်ရာထုတ်ပြန်ချက်များကို တိကျစွာ လိုက်နာ ဆောင်ရွက်သွားကြရန် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများ၌ လိုက်လံအသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။