အမာ သြဂုတ် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့တွင် ကိုဗစ်-၁၉ရောဂါပိုးရှိသူလူနာ (၁၀) ဦး ထပ်တိုးတွေ့ရှိပြီး ပိုးတွေ့လူနာ(၈)ဦးမှာ ဆေးရုံမှ ထပ်မံဆင်းခွင့်ရရှိကြောင်း သိရသည်။
အဆိုပါ ပိုးတွေ့လူနာများမှာ အမာမြို့၊ (၂)ရပ်ကွက်မှ အသက်(၄၃)နှစ်အရွယ် အမျိုးသားတစ်ဦး၊ အသက်(၅၉)နှစ်အရွယ် အမျိုးသားတစ်ဦး၊ အသက်(၅၈)နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက်(၈၅)နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက်(၁၈)နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အသက်(၁၆)နှစ်အရွယ် အမျိုးသားတစ်ဦး၊ အသက်(၂၃)နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ အမာမြို့၊ (၁)ရပ်ကွက်မှ အသက်(၉)နှစ်အရွယ် အမျိုးသားတစ်ဦး၊ အသက်(၁၁)နှစ် အမျိုးသားတစ်ဦး၊ အသက်(၄၄)နှစ်အရွယ် အမျိုးသမီးတစ်ဦး တို့သည် နေမကောင်း၊ အနံ့မရရှိ၍ ကိုဗစ်-၁၉ရောဂါ သံသယရှိသဖြင့် RDT tast kits ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။
ယနေ့တွင် အမာမြို့ဆေးရုံ၌ ဆေးကုသမှုခံယူနေသူများမှ တယ်ပင်ဆိပ်ကျေးရွာမှ အမျိုးသား(၃)ဦး၊ အမျိုးသမီး(၅)ဦး တို့သည် ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့ကြောင်း၊ ၎င်းတို့အား မိမိတို့၏ နေအိမ်များ၌ Home Quarantine (၇)ရက် ဆက်လက်ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။
အမာမြို့အနေဖြင့် ကိုဗစ်-၁၉ ပိုးတွေ့လူနာစုစုပေါင်း (၉၉)ဦးရှိပြီဖြစ်ပြီး အမာမြို့ ပြည်သူ့ဆေးရုံတွင် ယနေ့ထိ ဆေးကုသမှုခံယူနေသောလူနာစုစုပေါင်း (၆၁)ဦး ရှိကြောင်း အမာမြို့ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အမာ (ပြန်/ဆက်)