ညောင်တုန်း ဩဂုတ်လ ၁၉
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲ ၃နာရီ အချိန်ခန့်က ညောင်တုန်းမြို့နယ်၊ ကျွန်းဦးကျေးရွာအုပ်စုရှိ ဝါဝါဝင်း စိုက်ပျိုးမွေးမြူရေး ကုမ္ပဏီအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ရှင်းလင်းဆောင်သို့ရောက်ရှိပြီး ကုမ္ပဏီတာဝန်ရှိသူများ မွေးမြူရေးလုပ်ငန်းရှိ နွားမွေးမြူရေးလုပ်ငန်း၊ ငါးမွေးမြူရေးလုပ်ငန်းများ နှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး ဝန်ကြီးချုပ်မှ ကုမ္ပဏီအတွင်းရှိ အအေးခန်းစက်ရုံ၊ နို့ပေါင်းခန်း၊ နွားမွေးမြူရေးခြံနှင့် ငါးမွေးမြူရေးကန်တို့ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။