မူဆယ်တွင် မိုးများပြီးမြေသားများအိကာပြိုကျသဖြင့် အိမ်(၃)လုံးပျက်စီး

 

 

မူဆယ်  ဩဂုတ် ၁၉

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊   မြို့နယ်သစ်တောရုံး အနောက်ဘက်ရှိ တော်ရွက်ရပ်ကွက်အတွင်းရှိ လမ်းမပေါ်သို့ ယမန်နေ့ ညနေ(၁၅)နာရီ အချိန်က မြေသားအိကာ မြေပြိုမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

ယခုရက်ပိုင်းအတွင်း မိုးဆက်တိုက်ရွာနေပြီး မြေသားများအိကာ မြေပြိုကျရာ လူနေအိမ်(၃) လုံးပေါ်သို့ မြေသားများကျရောက်ခဲ့သဖြင့် အိမ်များပျက်စီးခဲ့ကာ  လူထိခိုက်မှုမရှိကြောင်းနှင့် အဆိုပါ မြေပြိုမှုဖြစ်ပွားသည့်နေရာသို့  ရပ်ကွက်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များ သွားရောက် ကူညီဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

စန္ဒာဝင်း