မင်းလှမြို့ ဆေးဝါးများပြတ်လပ်မှု မရှိစေရေးနှင့် စျေးနှုန်းမှန်ကန်စွာရောင်းချနိုင်ရေး ကွင်းဆင်းစစ်ဆေး

မင်းလှ သြဂုတ် ၁၉

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း ကာကွယ်ကုသရေးဆေးဝါးများနှင့်  အထောက်အကူပြု ဆေးပစ္စည်းများပြတ်လပ်မှုမရှိစေရေး၊ စျေးနှုန်းမှန်ကန်စွာဖြင့် ရောင်း ချနိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်ဆေးဝါးနှင့် ဆေးပစ္စည်းများ စျေးကွက်စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေးအဖွဲ့မှဆေးဝါးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များကို ယနေ့ နံနက် ၉ နာရီချိန်က  ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်းသိရသည်။

ဆေးဝါးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များကို ဆေးဝါးများရောင်းချရာတွင် ကိုဗစ်-၁၉ စည်းကမ်းချက်များ နှင့်အညီရောင်းချရေး၊ စျေးကွက်အတွင်း ဆေးဝါး၊ ဆေးပစ္စည်းနှင့် အထောက်အကူပြုပစ္စည်းများ သတ်မှတ် အရည်အသွေးနှင့် စျေးနှုန်းမှန်ကန်စွာရောင်းချရေး၊ နေ့စဉ်ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေး၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ အတုအပနှင့် အရည် အသွေးနိမ့်ပစ္စည်းများရောင်းချခြင်းမရှိရန်တို့အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီး ဌာန၊ ရဲတပ်ဖွဲ့ဝင်များတို့ပူပေါင်းကာ စစ်ဆေးကြပ်မတ် ဆောင်ရွက်ပေးခဲ့သည်။

မင်းလှမြို့တွင်ဆေးဝါးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များအား ကိုဗစ်-၁၉ ကာလအတွင်း စျေးနှုန်းမှန် ကန်စွာဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးနှင့် ဆေးဝါးများ ပြတ်လပ်မှုမရှိစေရေးအတွက် မြို့နယ်ဆေးဝါးနှင့် ဆေးပစ္စည်းများ စျေးကွက်စောင့်ကြည့် စစ်ဆေးကြပ်မတ်ရေးအဖွဲ့မှ ကြီးကြပ်စစ်ဆေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ပေါက်စ မင်းလှ