ဗိုလ်တထောင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်း ဆောင်ရွက်

ဗိုလ်တထောင်  ဩဂုတ်  ၁၉

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ဗိုလ်တထောင်မြို့နယ်တွင် အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများ၊ ကျန်းမာရေးဝန်ထမ်းများ၊ Volunteer များ၊ အစိုးရပုဂ္ဂလိကဝန်ထမ်းများအပါအဝင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီတွင်  ဗိုလ်တထောင်မြို့နယ် အထက (၆) စိန်ပေါကျောင်း၌ ဆက်လက်ထိုးနှံ ​ ဆောင်ရွက်ခဲ့ကြောင်း သိရသည်၊၊

ထိုသို့ကာကွယ်ဆေးထိုးနှံပေးရာတွင် အသက်(၆၅)နှစ်နှင့်အထက်သက်ကြီးဘိုးဘွား(၁၈)ဦး၊ အစိုးရပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်း(၄)ဦး၊ Volunteerပရဟိတ(၅၀)ဦး၊ သံဃာတော်(၁)ပါး၊ နိုင်ငံ့ဝန်ထမ်း(၁၅၇)ဦး၊ နိုင်ငံ့ဝန်ထမ်းမိသားစု(၂၅)ဦး၊ ပုဂ္ဂလိက(၂၁)ဦးစုစုပေါင်း(၂၇၆)ဦးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။

           ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် ဗိုလ်တထောင်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးကြည်နိုင်းကြီးကြပ်မှုဖြင့် ဝန်ထမ်းများ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့များ၊ မြို့နယ်မီးသတ်၊ မြို့နယ် ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းများ ပူးပေါင်း၍  ကာကွယ်ဆေးထိုးနှံရန် လာရောက်သည့် ဘိုးဘွားများ အဆင်ပြေချောမွေ့စွာ ကာကွယ်ဆေး ထိုးနှံနိုင်ရန် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

         ဗိုလ်တထောင်မြို့နယ်တွင်ရပ်ကွက် ၁၂ ရပ်ကွက်ရှိပြီး ဆေးထိုးရန်ကျန်ရှိသည့် သက်ကြီးဘိုးဘွားများနှင့် ဦးတည်အုပ်စုများအား ဆေးရရှိမှုအပေါ် မူတည်၍ ရပ်ကွက်များအလိုက် နံနက်၉နာရီမှ စတင်၍ ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း  သိရသည်။

သိန်းသိန်း