ပဲခူးတိုင်းဒေသကြီးဝန်ကြီးချူပ်ဦးမျိုးဆွေဝင်းသည် အုတ်တွင်းမြို့နယ်အတွင်းရှိ မျိုးစပါးမျိုးစေ့ ထုတ်စံပြကွက် စိုက်ပျိုးထားရှိမှု အခြေအနေနှင့် ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်းများအားကြည့်ရှု အားပေး

 

 

အုတ်တွင်း   ဩဂုတ်   ၁၉

 

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ တိုင်းဒေသကြီးဝန်ကြီးချူပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီး ၊ ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ယနေ့ နံနက်ပိုင်းက အုတ်တွင်း မြို့နယ် ဉယျာဉ်တော် ကျေးရွာအုပ်စုရှိ စပါးမျိုးစေ့ထုတ် စံပြကွက် စိုက်ခင်းသို့ သွားရောက် ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

အုတ်တွင်းမြို့နယ်အတွင်း ဆင်းသုခမျိုးစပါး မျိုးစေ့ထုတ် စိုက်ခင်း ဧက (၂၀)၊ မိုးစပါး စိုက်ဧက (၈၉၁၀၀) စိုက်ပျိုးထားရှိမှု အခြေအနေနှင့်ပတ်သက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန  ဦးစီးမှူး ဦးအောင်ဆန်းဦးမှ ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချူပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူ များက ဒေသခံတောင်သူလယ်သမားများအား တွေ့ဆုံဆွေးနွေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချူပ်နှင့်အဖွဲ့သည် အုတ်တွင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ သွားရောက်ကာ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံအားပေးစကား ပြောကြားခဲ့ပြီး ကျန်းမာရေး ဝန်ထမ်းများအတွက် ထောက်ပံ့ငွေ ကျပ် (၅)သိန်း ၊ ဆေးရုံတွင် ဆေးကုသမှု ခံယူနေသော ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၁၇)ဦးအတွက် အလှူငွေကျပ် (၁၇)သိန်းအား ထောက်ပံ့ပေးအပ်ခဲ့ရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာကျော်မိုး က လက်ခံရယူခဲ့ပြီး ထို့နောက်တွင် Mobile Swab Van ယာဉ်အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

 

ခင်ခင်မာ