မိုးညှင်း သြဂုတ် ၁၉
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့၌ ကိုဗစ်-၁၉ ရောဂါကာလတွင် ဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး ဆေးဆိုင်များအား ယနေ့ နံနက် ၁၀ နာရီက လိုက်လံကြပ်မတ်စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် မိုးညှင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုပိုမိုမြင့်မား လာသည်နှင့်အမျှ ဈေးကွက်တွင် ကူးစက်ရောဂါကာကွယ်ကုသရေး ဆေးဝါးများ၊ ဆေးပစ္စည်း များနှင့် အထောက်အကူပြုပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးနှင့် အခြားဆေးဝါးများ သတ်မှတ် ထားသည့်အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်မှုရှိစေရေးတို့အတွက်ရည်ရွယ်ပြီး ကြပ်မတ်စစ် ဆေးဆောင်ရွက်ခဲ့သည်။
အဆိုပါ ဆေးဆိုင်များကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးခင် မောင်ကျော်၊ မြို့မရဲစခန်းမှစခန်းမှူး ဒုရဲမှူးမျိုးသန်းနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့မှ တာဝန်ရှိသူများက လိုက်လံကြပ်မတ်စစ်ဆေးခဲ့ကြောင်း သိရသည်။
ဇွဲသူရအောင်