နတ်တလင်း ဩဂုတ် ၁၉
ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊နတ်တလင်းမြို့နယ် စားသုံးသူရေးရာ ကော်မတီဝင်များနှင့် အစားအသောက်နှင့်ဆေးဝါးကြီးကြပ် ကွပ်ကဲရေး ကော်မတီဝင် များ ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက နတ်တလင်းမြို့ရှိ ဆေးဆိုင်များနှင့် ကုန်စုံဆိုင်များတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ သင့်တော်သော စျေးနှုန်းမြှင့် ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်း၍ ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာ၌ ဆေးဆိုင်များနှင့် ကုန်စုံဆိုင်များတွင် လတ်တလော အသက်ရှု လမ်းကြောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ ဖြစ်သည့် Mask ၊ Face Shield ၊ လက်သန့်ဆေးရည်များကို သင့်တော်သော စျေးနှုန်းမြှင့်ရောင်းချခြင်း ရှိ/မရှိ ၊ ကောင်းမွန်သော ဆေးဝါးရောင်းချမှု ကျင့်စဉ်နှင့် ညီမညီ ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ကော်မတီဝင်များက ပြည်သူလူထုအဆင်ပြေစွာ ဝယ်ယူသုံးစွဲနိုင်ရေး ၊ အရည်အသွေးပြည့်ဝ၍ ဘေးအန္တရာယ်ကင်းရှင်းသော ဆေးဝါး/ဆေးပစ္စည်းများ ရောင်းချနိုင်ရေးအတွက် အသိပညာပေးခဲ့ကြောင်းသိရသည်။
ဝေယံဖြိုး