သတင်းများ

အရာတော်မြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ(၈)ဦး ရောဂါလက္ခဏာများ ပျောက်ကင်း၍ နေအိမ် ပြန်ခွင့်ရရှိ
Aug 25,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့တွင် ယမန်နေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုလူနာ အမျိုးသား(၆)ဦးနှင့် အမျိုးသမီ း(၂)ဦး၊ စုစုပေါင်း(၈)ဦးတို့တွင် ရောဂါလက္ခဏာများ ပျောက်ကင်းသွားပြီဖြစ်၍ နေအိမ်သို့ ပြန်ခွင့်ပြုခဲ့ကြောင်း  မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်း ချုပ်ရေးနှင့်အရေးပေါ် တုံ့ ပြန်ရေးကော်မတီမှ သိရသည်။
ဘူးသီးတောင်မြို့၌ ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိသူ(၁)ဦးရှိပြီး ဆေးရုံဆင်းခွင့်ရရှိသူ(၄)ဦးရှိ
Aug 25,2021
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၌ သြဂုတ်လ (၂၄)ရက်နေ နံနက်ပိုင်းက ဘူးသီးတောင်မြို့အမှတ် (၆)ရပ်ကွက်နေ အမျိုးသမီး(၁)ဦး နေမကောင်းသဖြင့် ဘူးသီးတောင်မြို့နယ် ပြည်သူ့ဆေးရုံသို့ သွားရောက်ပြသစဉ် ကိုဗစ်-၁၉ ရောဂါ ပိုးရှိ/မရှိစစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ကျောက်တံခါးမြို့နယ်အတွင်းရှိ ဆင်းရဲနွမ်းပါးပြည်သူများအား ဆန်တစ်ပြည် တစ်ထောင်ကျပ်နှုံးဖြင့် တစ်အိမ်ထောင်လျှင် ဆန်(၂)ပြည်နှုန်း ဆက် လက် ရောင်းချပေး
Aug 25,2021
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်ဖြင့် ၊ပဲခူးခရိုင်၊ကျောက်တံခါးမြို့နယ်အတွင်းရှိ ဆင်းရဲနွမ်းပါးသော ပြည်သူများအား ကိုဗစ်-၁၉ ကာလ အတွင်း စားသောက်ရေး အဆင်ပြေစေရန်အတွက် ယမန်နေ့ ညနေပိုင်းက ဆန်တစ်ပြည်တစ်ထောင်ကျပ်နှုန်းဖြင့် တစ်အိမ်ထောင်လျှင် ဆန်(၂)ပြည် နှုန်းဖြင့် စုစုပေါင်း ဆန်အိတ်(၂၅)အိတ်အား မော်တော်ယာဉ်များဖြင့် ရပ်ကွက်၊ ကျေးရွာအတွင်းသို့ လိုက်လံ ရောင်းချပေးခဲ့သည်။
ကျောက်မဲမြို့နယ်ရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် ဆန်ရိက္ခာများနှင့် လက်နက်ကြီးထိမှန်၍ ဒဏ်ရာရရှိသူ ၅ ဦးတို့အား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေများထောက်ပံ့
Aug 25,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊  ကျောက်မဲမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်း ၅ ခု၌ ‌ရောက်ရှိ ခိုလှုံနေသည့် တိုက်ပွဲရှောင်ပြည်သူ ၆၀၄ ဦးတို့အတွက် ထောက်ပံ့ရန် ဆန်ရိက္ခာဖိုးငွေနှင့် လက်နက်ကြီးထိမှန်၍ ဒဏ်ရာရရှိသူ ပြည်သူ  ၅ ဦးအတွက် ထောက်ပံ့ငွေများကို   ယမန်နေ့ ညနေ ၃ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျောက်မဲခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက မြို့နယ်တိုက်ပွဲရှောင် ကော်မတီထံသို့ လွှဲပြောင်းပေးအပ်ခဲ့ရာ တိုက်ပွဲရှောင်ကော်မတီဥက္ကဋ္ဌ ဦးစိုးညွှန့်ရွှေက လက်ခံရယူခဲ့ကြောင်း သိရသည်။
မန်းရွှေစက်တော်ဘုရားရှိ ဓာတ်လှေကားတာဝါ ဆောက်လုပ်နေမှု လုပ်ငန်းအားလုံး လာမည့် ဘုရားပွဲတော်ရာသီချိန်မတိုင်ခင် အပြီးတည်ဆောက်
Aug 25,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊  မင်းဘူး(စကု)မြို့နယ်အတွင်းရှိ မန်းရွှေစက်တော်ဘုရားကြီးတွင် ဓါတ်လှေကားတည်ဆောက်နေမှု လုပ်ငန်းများအားလုံးကို လာမည့်နှစ် (၂၀၂၂ ခုနှစ်) ဘုရား ပွဲတော် ရာသီချိန်မတိုင်ခင် အပြီးတည်ဆောက်သွားမှာဖြစ်ပြီး ယနေ့ အချိန်ထိ လုပ်ငန်းအားလုံး ၄၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း မန်းရွှေစက်တော်ဘုရား ဓါတ်လှေကားတာဝါ အရည်အသွေးစစ်ရေးအဖွဲ့ ခေါင်းဆောင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးထွန်းထွန်းဝင်းက ပြောသည်။
ထီးခီးနယ်စပ် ကုန်သွယ်ရေးစခန်းမှတစ်ဆင့် နေရပ်ပြန်မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ ပြန်လည်ဝင်ရောက်
Aug 25,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့တွင် ယမန်နေ့ ည ၇ နာရီ ၂၀ မိနစ်အချိန်က ထီးခီနယ်စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် နေရပ်ပြန်မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ ဝင်ရောက်လာကြောင်း သိရသည်။
အင်းစိန်မြို့နယ်၊ ကြက်ခြေနီအသင်းသို့ လိုအပ်သည်များတွင် အသုံးပြုနိုင်စေရန်အတွက် အောက်ဆီဂျင်အိုး များလှူဒါန်း
Aug 25,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၊ ကြက်ခြေနီအသင်းအနေဖြင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ် သည်များတွင် အသုံးပြုနိုင်စေရန် ရည်ရွယ်လျက် အောက်ဆီဂျင်အိုးများကို ယမန်နေ့ နံနက်ပိုင်းက ကြက်ခြေနီအသင်းရုံးတွင် လာရောက်လှူဒါန်းခဲ့သည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ မိထ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ် လမ်းပေါ်ရှိ သံလွင်တံတား (တာကော်)အား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Aug 25,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့နယ်၊ မိထ္ထီလာ-တောင်ကြီးနှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)ရှိ ကျိုင်းတုံ-တာချီလိတ်လမ်းပေါ်ရှိ တံတားအမှတ်(၅/၂၈၂) သံလွင်တံတား(တာကော်)သည် သံကူကွန်ကရစ်တံတားဖြစ်ပြီး တံတားအပေါ်ထည်မှာ သံမဏိသံပေါင်၊ တံတားအရှည် (၃၅၁)မီတာ (၁၁၅၁.၆၃၁)ပေ၊ တံတားအကျယ် ယာဉ်သွားလမ်းအကျယ်(၈.၅)မီတာ၊ လူသွားလမ်းတစ်ဖက် (၁.၇၅) မီတာ၊ တံတားခံနိုင်ဝန် (၇၅)တန်ဖြစ်ပြီး လုပ်ငန်းစတင်ရက်မှာ ၂၀၁၈ ခုနှစ် ဧပြီလ(၁)ရက်၊ လုပ်ငန်း ပြီးစီးမည့်ရက်မှာ ၂၀၂၃ ခုနှစ် စက်တင်ဘာလ (၃၀)ရက်ခန့်မှန်း၍ တံတားခန့်မှန်းစီမံကိန်းတန်ဖိုး ကျပ်(၂၆၃၅၀.၀၀၀)သန်း တံတားတစ်စင်းလုံးပြီးစီးမှု ရာခိုင်နှုန်းမှာ (၂၅%) ဖြစ်ကြောင်း သိရသည်။