ကဝ သြဂုတ် ၂၅
ပဲခူးတိုင်းဒေသကြီး ၊ ပဲခူးခရိုင်၊ ကဝမြို့နယ် ကိုဗစ်-၁၉ ကော်မတီ၏ ကြီးကြပ်မှုဖြင့် ကဝမြို့နယ် သက္ကလမြို့ရှိ မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ကာလအတွင်း စားဝတ်နေရေး အဆင်ပြေစေရန် ယမန်နေ့ညနေ (၄:၀၀)နာရီ အချိန်က သက္ကလမြို့ပေါ် ရပ်ကွက်အသီးသီးသို့ ဆန်များကို စျေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကဝမြို့နယ် ကိုဗစ်-၁၉ ကော်မတီဥက္ကဋ္ဌ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းအောင်နှင့် ဝန်ထမ်များက ကိုဗစ်-၁၉ ရောဂါကာလအတွင်း ပြည်သူများ စားဝတ်နေရေးအဆင်ပြေစေရန်အတွက် ကဝမြို့နယ်အတွင်း အခြေခံစားကုန် ဆန်များ ကုန်စျေးနှုန်း ကြီးမြင့်မှု မရှိစေရန်အတွက် စျေးနှုန်းသက်သာစွာဖြင့် မနောသုခဆန် (၈)လုံးကိုက် တစ်ပြည်လျှင် တစ်ထောင်ကျပ်နှုန်းဖြင့် (၅)အိတ်ကို စျေးနှုန်းသက်သာစွာဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်