ညောင်ဦး ဩဂုတ် ၂၅
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် အာမခံအလုပ်သမား (အာမခံထားရှိသော) လုပ်သားများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းအား ယနေ့နံနက် ၉နာရီအချိန်က စတင်၍ ကာကွယ်ဆေးထိုးနှံပေးလျှက်ရှိကြောင်း ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်ထံက သိရသည်။
အလုပ်သမားဝန်ကြီးဌာန၊ ညောင်ဦးမြို့နယ် လူမှုဖူလုံရေးရုံးတွင် ညောင်ဦးမြို့နှင့် ပုဂံမြို့ရှိ နိုင်ငံ့ဝန်ထမ်းများ၊ စက်ရုံအလုပ်ရုံ၊ ဟိုတယ်၊မိုတယ်လုပ်ငန်းများတွင်လုပ်ကိုင်ကြပြီး လူမှုဖူလုံရေးကြေး အာမခံထားရှိသည့်လုပ်သား၊ လုပ်သမများကို ညောင်ဦး မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမနှင့် AUREUM Palace Hotel တို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံ ပေးလျှက်ရှိကြောင်း သိရသည်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ထိုးနှံပေးခြင်းအား အာမခံ ထားရှိသည့် အလုပ်သမား၊ အလုပ်သမ ၁၀၁၆ ဦးရှိကာ ယနေ့နံနက်ပိုင်းမှ စတင်ထိုးနှံပေးနေပြီဖြစ်ကြောင်း သိရကာ နောက်ရက်များတွင်လည်း ထိုးနှံပေးမည်ဖြစ်ကြောင်း ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်မှု အဖွဲ့ထံက သိရသည်။
ဝင်းထိန်