ပေါင် ဩဂုတ် ၂၅
မိုးသည်းထန်စွာရွာသွန်းမှုနှင့် တောင်ကျရေလိမ့်ဆင်းလာမှုတို့ကြောင့် ယနေ့နံနက် ၈နာရီကျော်ခန့်က မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့ ရန်ကုန်-မော်လမြိုင်ကားလမ်း ရေကျော်မှု ဖြစ်ပွားခဲ့ကြောင်း သိရ သည်။
ဇင်းကျိုက်မြို့ ဖလပ်ရပ်ကွက် မိုင်တိုင်အမှတ် ၁၆၇/၅ နှင့် ၁၆၇/၆ အကြား ရန်ကုန်-မော်လမြိုင် အဝေးပြေး ကားလမ်းပေါ်တွင် ယနေ့နံနက်ပိုင်းမှစပြီး ရေအမြင့်သုံးလက်ခန့်ကျော်ခဲ့ပြီး လက်ရှိတွင် ရေအနည်းငယ် ကျန်ရှိနေသးသဖြင့် ယာဉ်သွားလာမှု လွယ်ကူစေရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူများမှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)