လှိုင်းဘွဲမြို့နယ်တွင် “ပန်းခင်းစီမံချက်” ဖြင့် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” အသိပညာပေး ဆိုင်းဘုတ်စိုက်ထူ
Sep 13,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ နိုင်ငံတော်စီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်သော “ပန်းခင်းစီမံချက်” နိုင်ငံသား စိစစ်ရေးကတ်ပြား လူတိုင်းကိုင်ဆောင်နိုင်ရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပန်းခင်းစီမံချက်ဖြင့် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” အသိပညာပေး ဆိုင်းဘုတ်ကို ယမန်နေ့က လူသွားလူလာများသော စည်ပင်သာယာမြို့မဈေးရှေ့နှင့် မြို့နယ်လဝက ဦးစီးမှူးရုံး ရှေ့တို့တွင် စိုက်ထူခဲ့ကြောင်း သိရသည်။