ပင်လုံ စက်တင်ဘာ ၁၃
ပင်လုံမြို့၊ ပြည်သူ့ဆေးရုံတွင် ယမန်နေ့ နံနက်ပိုင်းအချိန်က RDT Test Kit ဖြင့် စစ်ဆေးမှုအရ အမျိုးသမီး(၃)ဦးနှင့် အမျိုးသား(၂)ဦးထံတွင် ကိုဗစ်-၁၉ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိသူများမှာ နေမကောင်း၍ ယမန်နေ့က ပင်လုံမြို့ ပြည်သူ့ဆေးရုံသို့ လာရောက်ပြသသည့် ပင်လုံမြို့ ရပ်ကွက်(၂)၊ မြို့သစ်၊ စဝ်နော်ခမ်းလမ်းတွင် နေထိုင်သည့် အသက်(၁၈)နှစ် အရွယ်အမျိုးသား (၁)ဦး၊ အသက်(၂၃)နှစ်အရွယ် အမျိုးသား (၁)ဦး၊ အသက်(၄၁)နှစ်အရွယ် အမျိုးသမီး (၁)ဦး၊ အသက်(၉)နှစ်အရွယ် ကလေး(မ)(၁)ဦးနှင့် ရပ်ကွက်(၂)၊ နတ်စင်လမ်းတွင်နေထိုင်သည့်အသက် (၂၇)နှစ် အရွယ် အမျိုးသမီး(၁) စုစုပေါင်း (၅)ဦးတို့ဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့သည့် အတည်ပြုလူနာ(၅)ဦးအား ပင်လုံမြို့ ပြည်သူ့ဆေးရုံကြီး အတွင်းရှိ အထူးကြပ်မတ် ကုသဆောင်တွင် သီးသန့်ထားရှိ၍ ဆေးကုသပေးသွားမည်ဖြစ်ကြောင်းနှင့် ၎င်းအတည်ပြုလူနာများ၏ မိသားစုဝင်များနှင့် ၎င်းပိုးတွေ့လူနာများနှင့် ထိတွေ့ထားသူများအား နေအိမ်တွင် Home Quarantine ထား၍ အသွားအလာ ကန့်သတ်ထားရှိဆောင်ရွက်သွားမည်ကြောင်း ပင်လုံမြို့ကျန်းမာရေးဦးစီးဌာန ထံမှ သိရသည်။