သတင်းများ

ဖြူးမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်မှုကို ထိန်းချုပ်နိုင်ရေး အသိပညာပေး နှိုးဆော်
Sep 13,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ရောဂါကူးစက်ဖြစ်ပွားနေမှုကို ထိန်းချုပ်ရေး၊ ရောဂါကွင်းဆက်ပြတ်တောက်နိုင်ရေး စသည့် အသိပညာပေးခြင်းကို ယနေ့နံနက် (၈)နာရီမှစတင်၍ မြို့ပေါ်ရပ်ကွက်အတွင်း လမ်းများနှင့် ဖြူးကားဝင်းအတွင်းတို့တွင် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မိုင်းပျဉ်းမြို့၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေး
Sep 13,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၌ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများအား ဩဂုတ် ၁၀ ရက်နေ့မှ စက်တင်ဘာ ၁၃ ရက်နေ့အထိ ပျက်ကန့်ကျေးရွာအုပ်စုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ ကွင်းဆင်း၍ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မလှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား ထောက်ပံ့ငွေနှင့် Mask များပေးအပ်
Sep 13,2021
မန္တလေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း တာဝန်ထမ်း ဆောင်လျက်ရှိသောထွေ/အုပ်ဝန်ထမ်းများအားပေးအပ်သည့် ထောက်ပံ့ ငွေများထပ်ဆင့်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မလှိုင်မြို့နယ် အထွေထွေ အုပ်ချုပ်‌ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည် ။
ကလေးဝမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး
Sep 13,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်အတွင်း ရပ်ကွက်ကျေးရွာအုပ်စုများရှိ မိဘပြည်သူများအား ဦးစားပေးအဆင့်လိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ယနေ့နံနက် ၉ နာရီက စတင်၍ ကလေးဝမြို့ပေါ် အမှတ်-၁ အ‌ခြေခံပညာအလယ်တန်းကျောင်း(ခွဲ)နှင့်  ချင်းတွင်းမြစ်သာခန်းမ၊  မစိန်စံပြကျေးရွာနှင့် ကိုင်းကျေးရွာတို့ရှိ ဓမ္မာရုံတို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးအား ထိုးနှံပေးခဲ့ သည်။
မိုင်းငေါ့မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန်ရည်ရွယ်၍ အသိပညာပေး နှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်
Sep 13,2021
ရှမ်းပြည်နယ်( မြောက်ပိုင်း )၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်းများကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များသို့ သွားရောက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဝန်ထမ်းများက စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စုကလိမြို့တွင် ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုမရှိစေရေး စကောကရင်၊ မြန်မာ နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်
Sep 13,2021
ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့တွင် ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုမရှိစေရေး စကောကရင်၊ မြန်မာ နှစ်ဘာသာဖြင့် အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းကို ယနေ့နံနက် ၈ နာရီအချိန်က စတင်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများက မြို့ပေါ်ရပ် ကွက်နှင့် ကျေးရွာများသို့ သွားရောက်ဆောင်ရွက်ခဲ့သည်။
မိတ္ထီလာတွင် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဆိုင်းဘုတ်သစ်စိုက်ထူ
Sep 13,2021
မိတ္ထီလာမြို့တွင် ယနေ့စက်တင်ဘာလ ၁၃ ရက်နေ့တွင် ကျရောက်သည့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လူကုန်ကူးမှုအသိပညာပေးဆိုင်းဘုတ်များ စိုက်ထူခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့ဝင်မြို့ထွက်လမ်းဆုံနေရာ ၂ ခုတွင် ဆောင်ရွက်ကြောင်းသိရသည်။