မန်တုံမြို့တွင် ကိုဗစ် - ၁၉ ရောဂါ ကြိုကာကွယ်နိုင်ရန်အတွက် ကျန်းမာရေး အသိပညာပေးနှိုးဆော်

မန်တုံ စက်တင်ဘာ ၁၃

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့တွင် ကိုဗစ် - ၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ရောဂါကူးစက်မှုကိုလျော့ နည်းစေပြီး မိမိကစ၍ကာကွယ်နိုင်စေရန် ပလောင်၊ မြန်မာ ဘာသာများဖြင့် ယနေ့နံနက် (၉) နာရီ (၄) မိနစ်အချိန်က ကျန်းမာရေးအသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။

အဆိုပါ ကျန်းမာရေးဆိုင်ရာ အသိပညာပေး နှိုးဆော်ချက်များတွင် ပြည်သူများအနေဖြင့် အတတ် နိုင်ဆုံး မဖြစ်မနေ အိမ်တွင်း၌သာနေထိုင်ရန်၊ လက်ကိုဆပ်ပြာဖြင့် စက္ကန့် ၂၀ ကြာအောင် မကြာခဏ ဆေးကြောရန်၊ မိမိအိမ်သို့ ပြင်ပမှလာသော ဧည့်သည်များ လက်မခံရန်၊ မဖြစ်မနေ အရေးကြီးကိစ္စ ရှိ၍ အိမ်ပြင်ထွက်ရပါက ပါးစပ်နှင့်နှာခေါင်းစည်း Mask တတ်ရန်၊ Mask မတပ်သည့်ဆိုင်များ တွင် စျေးမ၀ယ်ကြရန်၊ ပါးစပ်နှင့်နှာခေါင်းစည်း Mask မတပ်သူများနှင် တွေ့ဆုံပါက စကားပြောခြင်းမ ပြုလုပ်ကြရန်၊ အပြင်မှပြန်လာပြီးတိုင်း Mask နှာခေါင်းစည်းများကို စနစ်တကျ စွန့်ပစ်ကြရန်၊ အသုံးပြုပြီးသော Mask များအား ထပ်မံအသုံးမပြုကြရန်၊ လက်ကိုဆေးကြောခြင်းမပြုဘဲ ပါးစပ်  နှင့် နှာခေါင်း၊ အမျက်နှာတို့ကို ပွတ်သပ်ခြင်းနှင့် ကိုင်တွယ်ခြင်းမပြုလုပ်ကြရန်၊ အ၀တ်စားမလဲမီ ကိုယ်လက်သန့်စင်ခြင်း မပြုလုပ်ရသေးဘဲ အိမ်သားများနှင့် အနီးကပ်မထိတွေ့ကြရန်၊ လေ၀င် လေထွက် မကောင်းသောအခန်းများ၊  ပြူတင်းတံခါးများဖွင့်ပြီး လေ၀င်လေထွက် ရရှိအောင် ဆောင်ရွက်ထားကြရန်၊ မိမိတို့ပတ်၀န်းကျင်၌ သံသယလူနာတွေ့ရှိပါက သက်ဆိုင်ရာသို့ အမြန် သတင်းပေးပို့ကြရန်၊ မိမိတို့၌ ပိုးကူးစက်ခံနေရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာန များသို့ အမြန်ဆုံးဆက်သွယ်၍ မပျက်မကွက် ဆေးစစ်ကုသမှု ခံယူရန်နှင့် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေး လုပ်ငန်းများကို မိဘပြည်သူများအားလုံးက ဝိုင်းဝန်းပူးပေါင်းပါဝင်ပေးကြပါရန် Hand Speaker ဖြင့် ကျယ်ကျယ် ပြန့်ပြန့် တိုက်တွန်း နှိုးဆော်ခဲ့သည်။ 

ထိုသို့ ကျန်းမာရေးအသိပညာပေးနှိုးဆော်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦး စီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများမှ မြို့မရပ်ကွက်ရှိ စျေးဆိုင်လမ်းများ၊ လမ်းဆုံနေရာများ၊ အိမ်ခြေထူထပ်သောနေရာများသို့ သွားရောက်ဆောင်ရွက်ခဲ့သည်။

မြို့နယ် (ပြန်/ဆက်)