မိုင်းလွေကျေးရွာ အုပ်စုအတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား(၂၄)ဦးအား အိမ်တိုင်ရာအရောက် လူမူရေးပင်စင်ပေးအပ်

မိုင်းယန်း စက်တင်ဘာ ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်၊ မိုင်းလွေကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၇)ရွာမှ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား(၂၄)ဦးတို့အား ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က လူမူရေးပင်စင်ထောက်ပံ့ငွေများကို အိမ်တိုင်ရာများအရောက် သွားရောက် ထောက်ပံ့ပေးခဲ့သည်။

သွားရောက်ထောက်ပံ့ပေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးနှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတို့က မိုင်းယန်းမြို့နယ်၊ မိုင်းလွေကျေးရွာအုပ်စု အတွင်းရှိ လောက်ကျန်ကျေးရွာ၊ ယန်းခိုင်ကျေးရွာ၊ ဝမ်တောင်းကျေးရွာ၊ နမ့်မုတ်ကျေးရွာ၊ ပုံလုံကျေးရွာ၊ ပန်ဆောင်ကျေးရွာနှင့် မိုင်းလွေကျေးရွာတို့ရှိ လူမူရေးပင်စင်ရရှိသော အဘိုး(၆)ဦးနှင့် အဘွား(၁၈)ဦးတို့အား တစ်ဦးလျှင် ငွေကျပ်(၃)သောင်းစီဖြင့် စုစုပေါင်း ငွေကျပ်(၇၂,၀၀၀ဝိ/-)ကို အိမ်တိုင်ရာများအရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ခွန်ရဲထွေး