ရေတာရှည်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လိုက်နာရန် အသိပေးနှိုးဆော်ချက်များ ဆက်လက် ဆောင်ရွက်

ရေတာရှည် စက်တင်ဘာ ၁၃

ပဲခူးတိုင်း​ဒေသကြီး တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများတွင်  ပူးပေါင်းပါဝင်စေရန် အသိပညာပေး နှိုး​ဆော်ခြင်းကို မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ယနေ့ မနက်ပိုင်း က ဆောင်ရွက်ခဲ့သည်။

ထိုသို့ အသိပညာ​ပေးတိုက်တွန်းနှိုး​ဆော်ရာတွင်  ရေတာရှည်မြို့နယ်အတွင်းရှိ ပြည်သူများ အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု တားဆီးကာကွယ်နိုင်ရန်အတွက် လိုက်နာရမည့် အချက်များ၊ ကြိုတင် ရှောင်ရှား ရမည့် အချက်များကို  သိရှိလိုက်နာဆောင်ရွက်နိုင်ရန်နှင့် ကိုဗစ်ကပ်ရောဂါ ကူးစက် ပြန့်ပွားမှုကို အမြန် ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေး လုပ်ငန်းများကို မိဘပြည်သူများ အားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန်အတွက် အသိပညာပေး နှိုးဆော်မှုများကို မြို့အတွင်း လိုက်လံအသိပေး နှိုးဆော်ခဲ့ကြောင်းသိရသည်။

ရေတာရှည်မြို့နယ်အတွင်း၌ ယနေ့အချိန်အထိ ရေတာရှည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ ရှိသူ ကျား(၆၈၇)ဦး ၊ မ(၇၈၆)ဦး ၊ စုစုပေါင်း(၁၄၇၃)ဦးရှိပြီး ဆေးရုံဆင်း ကျား(၆၁၀)ဦး ၊ မ(၇၃၀)ဦး ၊ ပေါင်း(၁၃၄၀)ဦး ၊ ဆေးကုသမှုခံယူလျက်ရှိသူ (၁၀၀)ဦး ၊ သေဆုံးသူ(၃၃)ဦး ဖြစ်ကြောင်း သိရသည်။

အေးဆု