သတင်းများ

ပလောက်မြို့၊ ဆင်ထိုးကြီးကျေးရွာအုပ်စု၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့် ကာကွယ်ဆေး ထိုးနှံပေးရေး အသိပေးနှိုးဆော်
Sep 13,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးဝေ၏ လမ်းညွှန်မှုအရ ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် ရာအိမ်မှူးများပူးပေါင်း၍
ကိုဗစ်-၁၉အလွန် လေ့လာလည်ပတ်စရာ ဒေသတစ်ခုဖြစ်လာနိုင်သည့် ‌‌ရွှေစက်တော်မန်းချောင်း အပန်းဖြေ ဆင်စခန်း
Sep 13,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် ရွှေစက်တော်မန်းချောင်း အပန်းဖြေ ဆင်စခန်းသည် မြန်မာ့သစ်လုပ်ငန်း မင်းဘူးခရိုင် သစ်ထုတ်ရေးဒေသ လက်အောက်တွင် တည်ရှိပြီး ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့က စတင်ဖွင့်လှစ်ကာ ဧက ၇၀၀ ကျယ်ဝန်း၍ ပန်းတောင်း-ပျော်ဘွယ်ကြိုးပြင် ကာကွယ်တောတွင် တည်ရှိကြောင်း မင်းဘူးခရိုင် သစ်ထုတ်ရေး လ/ထမန်နေဂျာ ဦးလှသန်းထံမှ သိရသည်။
မြိုတော်သန့်ရှင်းသပ်ရပ် သာယာလှပစေရေး သန့်ရှင်းရေးများ ဆောင်ရွက်
Sep 13,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ပြည်အနောက်ရပ်ကွက်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးဝင်းအတွင်း သန့်ရှင်းသပ်ရပ် သာယာလှပစေရေးအတွက် သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင် ရှင်းလင်းခြင်း၊ ခြံစည်းရိုး ပုဏ္ဏရိတ်ပင်များအား ပုံသွင်းခြင်း၊ မြက်ပင်ခြုံနွယ်များအား ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး မြန်မာနှင့်ပိုးကရင်ဘာသာ နှစ်ဘာသာဖြင့် အသိပညာ ပေးနှိုးဆော်
Sep 13,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကြိုတင် ကာကွယ်ရမည့် နည်းလမ်းများကို သိရှိနိုင်ရန်အတွက် မြန်မာဘာသာနှင့် ပိုးကရင်ဘာသာဖြင့် အသိပညာပေး လိုက်လံနှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
မင်းလှမြို့နယ် အပ္ပမာဒနာရေးကူညီမှုအသင်းမှ စေတနာ့ဝန်ထမ်းမျာအား ဂုဏ်ပြုအမှတ်တရ လက်ဆောင် ပေးအပ်ချီးမြှင့်
Sep 13,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် အပ္ပမာဒနာရေးကူညီမှုအသင်းက စေတနာ့ ဝန်ထမ်းများနှင့် Volunteers များအား ဂုဏ်ပြုအမှတ်တရ လက်ဆောင် ပေးအပ်ချီးမြှင့်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်တံခါးမြို့တွင် စက်ရုံအလုပ်ရုံများမှ ဝန်ထမ်းများနှင့် လုပ်သားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး
Sep 13,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံထားသည် စက်ရုံ၊ အလုပ်ရုံများမှ ဝန်ထမ်းများနှင့် လုပ်သားများအား ဒုတိယအကြိမ်အဖြစ် ယနေ့ နံနက်(၈)နာရီအချိန်မှ စတင်ကာ မြို့နယ်စည်ပင် သာယာခန်းမ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပုလောမြို့နယ်၌ ပန်းခင်းစီမံချက်ဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်
Sep 13,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၌ ပန်းခင်းစီမံချက်ဆိုင်ရာ အသိပညာပေး Talk Show ကို ယမန်နေ့ ညနေ ၃ နာရီက ပုလောမြို့နယ် Community Centre ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ကျွန်းစုမြို့နယ်အတွင်း ကိုဗစ် - ၁၉ရောဂါပိုး စစ် ဆေးရာတွင် အတည်ပြုလူနာ(၄)ဦး ထပ်မံတွေ့ရှိ
Sep 13,2021
တနင်္သာရီတိုင်းဒေသကြီး၊  မြိတ်ခရိုင်၊ကျွန်းစုမြို့နယ်၌စက်တင်ဘာလ (၁၂)ရက်နေ့တွင် ကိုဗစ် - ၁၉ရောဂါပိုး စစ်ဆေးရာတွင် (၄) ထပ်မံတွေ့ရှိရကြောင်းသိရသည်။