နောင်ချိုမြို့နယ်၌ ရဟန်း၊ သာမဏေများ၊ သာသနာ့နွယ်ဝင်သီလရှင်များအား ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Sep 13,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၌ ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ပေးခြင်းကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က နောင်ချိုမြို့ပေါ်ရှိ ကတီပင်ကျောင်း၊ ဟော်တော်ကျောင်း၊ သုံးဆယ်အုပ်စုအတွင်းရှိ စစ်ကဲကုန်းကျောင်း၊ ဇီးဖြူပင်ကျောင်း၊ အထက်ကြူအင်းကျေးရွာရှိ ကြူအင်းကျောင်း၊ သရက်ကုန်းအုပ်စုရှိ သရက်ကုန်းကျောင်း၊ ဇာလီကျောင်း၊ အင်းဦးကျောင်း၊ ဆမ္မဆယ်အုပ်စုရှိ ဆမ္မဆယ်ကျောင်း စုစုပေါင်း ဘုန်းတော်ကြီး ကျောင်း ၉ ကျောင်းမှ သံဃာတော် ၂၄၉ ပါး၊ သုံးဆယ်ကျေးရွာ မြို့မသီလရှင်ကျောင်းမှ သီလရှင် ဆရာလေး ၁၂ ပါး စုစုပေါင်း ၂၆၁ ပါးအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ သံဃာ (၁) ပါး၌သာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ထံမှ သိရသည်။