မလှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား ထောက်ပံ့ငွေနှင့် Mask များပေးအပ်

   မလှိုင် စက်တင်ဘာ ၁၃

မန္တလေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း တာဝန်ထမ်း ဆောင်လျက်ရှိသောထွေ/အုပ်ဝန်ထမ်းများအားပေးအပ်သည့် ထောက်ပံ့ ငွေများထပ်ဆင့်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မလှိုင်မြို့နယ် အထွေထွေ အုပ်ချုပ်‌ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည် ။

          

ထောက်ပံ့ငွေပေးအပ်ပွဲတွင် မြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးစိုးမင်းထက်က အမှာစကားပြောကြားရာတွင် ဝန်ထမ်းများအနေဖြင့် ဒုတိယအကြိမ် ကိုဗစ် -၁၉ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် အောင်မြင်အောင် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက် ပေးသည့်အတွက် ကျေးဇူးတင် ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း၊ ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်မှု တိုးတက်လာသည့်ကို တွေ့ရှိရ ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် လုံခြုံရေး အလေးထား၊ သတိထားဆောင်ရွက် ကြရန်မှာကြားလိုကြောင်း၊ ဝန်ထမ်းများအတွက် လစဉ် ကျိုးစား အားထုတ်မှုအလိုက် လုပ်ငန်း စွမ်း ဆောင်ရည်ဆု ၊ ထူးချွှန်ဆုများ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ၊ ယနေ့ထောက်ပံ့သည့် ငွေများ သည် တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ထောက်ပံ့သည့် ထောက်ပံ့ငွေများကို  ပြန် လည် ပေးအပ်ခြင်းဖြစ် ကြောင်းရှင်းလင်း ပြောကြားခဲ့သည်။

         

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ထောက် ပံ့သည့် ငွေကျပ်(၂ဝဝဝဝ) နှင့် မြို့နယ်ရုံးမှထောက်ပံ့သည့် အဝတ် Mask  (၅) ခု၊  Surgicl Mask (၂ဝ) ခု တို့ကို ဝန်ထမ်း တစ်ဦးချင်းစီအား ပေးအပ်ခဲ့သည် ။ အဆိုပါနေ့က တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း တစ်ဦး လျှင်ငွေကျပ်(၂ဝဝဝဝ) နှုန်း ဖြင့် ထွေ/အုပ်ဝန်ထမ်း(၈၄) ဦး အတွက်ငွေကျပ် (၁၆၈ဝဝဝဝ) ကိုထောက်ပံ့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည် ။

အောင်ဌေး(မလှိုင်)