မိုင်းပျဉ်း စက်တင်ဘာ ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၌ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများအား ဩဂုတ် ၁၀ ရက်နေ့မှ စက်တင်ဘာ ၁၃ ရက်နေ့အထိ ပျက်ကန့်ကျေးရွာအုပ်စုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ ကွင်းဆင်း၍ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုင်းပျဉ်းမြို့ နယ်ဦးစီးမှူးရုံးမှ ဒုတိယလဝကမှူး ဦးရဲနောင်ဦးနှင့် ဝန်ထမ်းများက ပျက်ကန့်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ ပေါင်း(၁၈)ရွာမှ အိမ်ထောင်စု(၃၀၇)စုအား အိမ်ထောင်စုလူဦးရေစာရင်းများ စိစစ်၊ လဲလှယ်၊ ထုတ်ပေးခြင်း လုပ်ငန်းများကိုလည်းကောင်း ပြည်သူ(၅၈၃)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးခြင်းနှင့် လဲလှယ်ပေးခြင်းကို လည်းကောင်း၊ ဝမ်ကန်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)