ကလေးဝ စက်တင်ဘာ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်အတွင်း ရပ်ကွက်ကျေးရွာအုပ်စုများရှိ မိဘပြည်သူများအား ဦးစားပေးအဆင့်လိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ယနေ့နံနက် ၉ နာရီက စတင်၍ ကလေးဝမြို့ပေါ် အမှတ်-၁ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)နှင့် ချင်းတွင်းမြစ်သာခန်းမ၊ မစိန်စံပြကျေးရွာနှင့် ကိုင်းကျေးရွာတို့ရှိ ဓမ္မာရုံတို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးအား ထိုးနှံပေးခဲ့ သည်။
ကလေးဝမြို့နယ် အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လူဦးရေ၂၀၀၀ ဦးအား ထိုးနှံပေးသွား မှာဖြစ်ရာ မိဘပြည်သူများ သွားလာရ လွယ်ကူစေရန်အတွက် ကလေးဝမြို့နယ် အတွင်းရှိ ရပ်ကွက် ကျေးရွာအုပ်စု၌ ဆေးထိုးနှံရာနေရာ ၁၀ နေရာ သတ်မှတ်၍ ၃ ရက်နှင့်အပြီး ထိုးနှံပေးသွားမည်ဖြစ် ကြောင်း သိရှိရသည်။
သက်ဟန်စိုးကျော်