ပေါင်းတည် စက်တင်ဘာ ၁၃
ပဲခူတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ် ပြည်သူ့ဆေးရုံနှင့် တိုက်နယ်ဆေးရုံများသို့ ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသော ၄၀ လီတာ အောက်ဆီဂျင်အိုး(၆၀)လုံး၊ Oxygen Flowmeter (၆၀)ခု နှင့် Oxygen Concentrator(၃) ခုတို့အား ယမန်နေ့ မွန်းလွဲ(၂)နာရီ အချိန်က ပေါင်းတည်မြို့နယ် ပြည်သူ့ဆေးရုံတွင် ပေးအပ်လှူဒါန်းခဲ့သည်။
ထိုသို့ပေးအပ် လှူဒါန်းရာတွင် မြို့နယ်ပြည်သူ့ဆေးရုံအတွက် ၄၀ လီတာ အောက်ဆီဂျင်အိုး(၅၀)လုံးနှင့် Oxygen Flowmeter (၅၀)ခု၊ Oxygen Concentrator(၃) ခု၊ မှတ္တိုင်တိုက်နယ်ဆေးရုံအတွက် ၄၀ လီတာ အောက်ဆီဂျင်အိုး(၅)လုံးနှင့် Oxygen Flowmeter (၅)ခု၊ ကြာနီကန် တိုက်နယ် ဆေးရုံအတွက် ၄၀ လီတာ အောက်ဆီဂျင်အိုး(၅)လုံးနှင့် Oxygen Flowmeter (၅)ခု တို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ အဖွဲ့ဝင် ဗိုလ်မှူး ဝင်းကိုကိုနိုင်နှင့် အဖွဲ့ဝင်များမှ ပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ်ပြည်သူ့ကျန်းမားရေး ဦးစီးဌာနမှူးမှ လက်ခံရယူခဲ့ကြောင်း သိရသည်။
ချစ်နှင်းသုန်