မိတ္ထီလာတွင် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဆိုင်းဘုတ်သစ်စိုက်ထူ

မိတ္ထီလာ စက်တင်ဘာ ၁၃

မိတ္ထီလာမြို့တွင် ယနေ့စက်တင်ဘာလ ၁၃ ရက်နေ့တွင် ကျရောက်သည့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လူကုန်ကူးမှုအသိပညာပေးဆိုင်းဘုတ်များ စိုက်ထူခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့ဝင်မြို့ထွက်လမ်းဆုံနေရာ ၂ ခုတွင် ဆောင်ရွက်ကြောင်းသိရသည်။

ရှေးဦးစွာ မိတ္ထီလာ-မန္တလေး ကားလမ်းမ သပြေဝလမ်းဆုံ မြို့ဝင်ဆိုင်းဘုတ်အနီးတွင် လူကုန်ကူးမှု  တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လူကုန်ကူးမှုအသိပညာပေးဆိုင်းဘုတ်သစ်ကို   အမှတ်()      လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စိတ် (မိတ္ထီလာ) က စိုက်ထူသည်။   အဆိုပါ အသိပညာပေးဆိုင်းဘုတ်သစ်အား ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦး၊ မြို့နယ် အုပ်ချုပ် ရေးမှူး ဦးဇော်အောင်လေး၊ အမှတ်()လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စိတ် (မိတ္ထီလာ) တပ်ဖွဲ့စိတ်မှူး ရဲအုပ်သူရ၊ ခရိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ တာဝန်ရှိသူများက အမွှေးနံ့သာ ရည်များဖြင့် ပက်ဖြန်းပေးသည်။ အလားတူ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဆိုင်းဘုတ်သစ်အား မိတ္ထီလာ-မြင်းခြံကားလမ်းမ ကံကောင်းလမ်းဆုံအနီးတွင် စိုက်ထူခဲ့ပြီး ဆိုင်းဘုတ်သစ်အား အမွှေးနံသာရည်များဖြင့် တာဝန်ရှိသူများက ပက်ဖြန်းပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးသည်။

အဆိုပါ  အသိပညာပေးဆိုင်းဘုတ်သစ်များတွင် ၂ဝ၂၁ ခုနှစ် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ အထိမ်းအမှတ် ဆောင်ပုဒ်ဖြစ်သည့် တားဆီး၊ ကယ်တင်၊ ကူညီရေး၊ လူကုန်ကူးခံရသူအသံနားထောင်ပေး  စာတန်းနှင့် လူကုန်ကူးမှုကိစ္စရပ်များကို သံသယရှိပါက ဆက်သွယ်အကြောင်းကြားနိုင်သည့် ဖုန်းနံပါတ်များ ဖော်ပြပါရှိကြောင်း သိရသည်။

ချမ်းသာ