မိုင်းငေါ့မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန်ရည်ရွယ်၍ အသိပညာပေး နှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်

မိုင်းငေါ့ စက်တင်ဘာ ၁၃

ရှမ်းပြည်နယ်( မြောက်ပိုင်း )၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်းများကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များသို့ သွားရောက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဝန်ထမ်းများက စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မိုင်းငေါ့မြို့အတွင်းရှိ ပြည်သူများအနေဖြင့် လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန်အတွက် အတတ်နိုင်ဆုံး အိမ်တွင်း၌သာနေ ထိုင်ကြရန်၊ ပြင်ပမှ ဧည့်သည်များလက်မခံရန်နှင့် အခြားသူများထံသွားရောက်ခြင်းမပြုရန်၊ အပြင်ထွက်ပါက ပါးစပ်နှာခေါင်းစည်း (Mask) ကို စနစ်တကျတပ်ဆင်၍ သွားလာကြရန်၊ လက်ကိုမကြာခဏ ဆပ်ပြာနှင့် စနစ်တကျ စက္ကန့် (၂၀) ကြာ ဆေးကြောရန်၊ လူထူထပ်သည့် နေရာများသို့ သွားရောက်ခြင်းမ ှရှောင်ကြဉ်ရန်၊နှာခေါင်းစည်း (Mask) မတပ်ဆင်ထားသောသူများနှင့် တွေ့ဆုံခြင်း စကားပြောခြင်း၊ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ရန်၊ မိမိနေအိမ်အခန်းများကို လေဝင် လေထွက်ကောင်းအောင် ပြုလုပ်ကြရန်၊ အပြင်မှပြန်လာတိုင်း နှာခေါင်းစည်း (Mask) များကို စနစ်တကျစွန့်ပစ်ရန်၊ သက်ကြီးရွယ်အိုများ၊ ဆီးချိုသွေးတိုး နှလုံးရောဂါ အခံရှိသူမျာ၊ ရောဂါ ကူးစက်ခံရပါက ဝေဒနာပြင်းထန်စွာ ခံစားရပြီး အသက်အန္တရာယ် ထိခိုက်နိုင်သဖြင့် ဂရုပြု နေထိုင်ရန်၊ ရောဂါကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်၍ ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူအားလုံး လိုက်နာကြပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် စသည့် အချက်များအား လိုက်လံအသိပေး နှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။

ယခုအခါ မိုင်းငေါ့မြို့တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့် ကာလတစ်လျှောက် ရောဂါပိုးတွေ့ရှိသူ (၆၁) ဦး ကျန်းမာရေးကောင်းမွန်လာသူ (၃၃) ဦး၊ သေဆုံးသူ (၂) ဦးနှင့် လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါရှိသူ (၂၆) ဦးကျန်ရှိကြောင်း ကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရ ပါသည်။

မြင့်သွယ်