ညောင်ဦး စက်တင်ဘာ ၁၃
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦး စီးဌာနနှင့် မြို့နယ်မီးသတ် ဦးစီးဌာနတို့ပူးပေါင်းကာစက်တင်ဘာ၁၃ရက်နေ့၊နံနက်၈နာရီအချိန်မှစတင်ပြီး ညောင်ဦးမြို့နယ် ရပ်ကွက်/ ကျေးရွာများအတွင်း ကိုဗစ်-၁၉ ရောဂါကာ ကွယ်ထိန်းချုပ်နိုင်ရေး လှည့်လည်၍ အသိပေးနှိုးဆော်ခဲ့ကြောင်း ညောင်ဦးခရိုင် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်မေသန္တာအောင်ထံက သိရသည်။
ညောင်ဦးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုလျော့နည်းပပျောက် စေရေး အတွက် ပြည်သူများ ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် စည်းကမ်း ချက်များနှင့် အညီ နေထိုင်သွားလာနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာများအတွင်းလိုက်လံ ဆော်ဩအသိပေး နှိုးဆော်လျှက်ရှိရာ လူစုလူဝေးရှောင်းရှားနေထိုင် ကြရန်၊မလိုအပ်ပဲ အပြင်မထွက်ကြရန်၊ အပြင် ထွက်ရန်လိုအပ်ပါက နှာခေါင်းစည်း Mask စနစ်တကျတပ် ဆင်ပြီးမှအပြင်ထွက်ရန်၊ တတ်နိုင် သမျှအိမ်အတွင်းသာနေထိုင်ရန်၊မိမိအိမ်သို့ဧည်သည် လာရောက်မှု လက်မခံရန်၊ နေအိမ်ရှိ သက် ၆၅နှစ် အထက်အသက်အရွယ်ကြီးရင့်သူများ နှင့်ဆီးချို၊ သွေးတိုး၊နှလုံးစသည့် နှာတာရှည်ရောဂါ အခံရှိသူများရှိပါကထိုသူများအား ပါးစပ်နှင့်နှာခေါင်းအား Mask တပ်ဆင်ထားပါ။ လေဝင်လေ ထွက်ကောင်းသည့်နေရာတွင် နေစေခြင်း၊ နေအိမ်ပြတင်းပေါက်များအား လေဝင်လေထွက် ကောင်းစေရန်ဖွင့်ထားစေ ခြင်း၊ဖြစ်နိုင်ပါက တပတ်လျှင်တစ်ရက်သာဈေးဝယ်ထွက်စေခြင်း၊ ပါးစပ်နှာခေါင်း တို့တွင် စနစ်တကျ Mask စနစ်တကျတပ်ဆင်ထားခြင်းမရှိသော ဈေးမဝယ်ပါနှင့်၊အပြင်ထွက်ရာ မှအိမ်ပြန် ရောက်သည့်အခါ အိမ်သို့ရောဂါပိုးများ သယ်ဆောင် လာခြင်းမရှိစေရန် သတိပြု ပါ၊အသုံးပြုပြီးသား နှာခေါင်းစည်း Mask နှင့်တခါသုံးပစ္စည်းများကို အမှိုက်ပုံးအတွင်းသို့ စနစ်တကျစွန့်ပစ်ပါ။အဝတ်အစားမလဲမီ၊ ကိုယ်လက်သန့်စင်ခြင်းမပြုမီ အိမ်သားများနှင့် အနီးကပ်ထိတွေ့ခြင်းမှရှောင်ကြင်ပါ၊အလှည့်ကျရရှိသော ကာကွယ်ဆေးသည် မိမိအတွက် အကောင်းဆုံးဖြစ်၍ ကာကွယ်ဆေးထိုးနှံခြင်းကို အကြိမ်ပြည့်ထိုးနှံရန်၊ ကာကွယ် ဆေးထိုး ပြီးသော်လည်း ကာကွယ်ရေးနည်းလမ်းများကို ဆက်လက်လိုက်နာရန်၊ ရောဂါကာ ကွယ် ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင်တတ်နိုင်သည့်ဘက်မှ လူအား၊ငွေကြေး၊ ပစ္စည်း၊ ကျွမ်းကျင်မှု ပညာရပ်များဖြင့်စနစ်တကျ ပါဝင်ပူးပေါင်းပေးကြပါရန်တို့အားအသိပေးနှိုး နှိုးဆော် ခဲ့ကြောင်းသိရသည်။
ကိုထိန်(KPD)