​မာန်အောင်မြို့နယ် ပြည်သူ့ဆေးရုံ၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ  စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

 

​မာန်အောင်  စက်တင်ဘာ ၁၃

 

ရခိုင်ပြည်နယ်၊ ​မာန်အောင်မြို့နယ် ပြည်သူ့ဆေးရုံဝင်းအတွင်း ဆေးရုံ ဘေးပတ်ဝန်းကျင် နေရာ သန့်ရှင်း သာယာ လှပကောင်းမွန်စေရေး၊ ရေနုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေးတို့အတွက် မြို့နယ်အဆင့်ဌာန ဆိုင်ရာများ ပူးပေါင်းပြီး ယနေ့ နံနက် ၈ နာရီအချိန်က ရန်အောင်မြင် ရပ်ကွက်ရှိ မြို့နယ် ပြည်သူ့ဆေးရုံအတွင်း အပြင် နေရာများ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့  စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးရွှေလှအောင် ဦးဆောင်သော မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ မြို့နယ် မီးသတ် တပ်ဖွဲ့ဝင်များ၊  မြို့နယ်ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းလျက် မြို့နယ်ပြည်သူ့ဆေးရုံဝင်းအတွင်း ခြုံနွယ်ပိတ်ပေါင်းများ၊ ခုတ်ထွင်ရှင်းလင်းခြင်း၊  ဆေးရုံဘေးပတ်ဝန်းကျင် အနီးအနားရှိ ပလပ်စတိတ်အိတ်ခွံများ၊ အမှိုက်သရိုက်များအား ကောက်ယူခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရန် ရေနုတ်မြောင်း တူးဖေါ်ခြင်းစသည့် ပြည်သူ့ အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

 

သိန်းဖေ(ပြန်/ဆက်)