ပန်းတနော် ၊ စက်တင်ဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မြို့နယ်ဌာနဆိုင်ရာများ၊ အလှူရှင်များက ပန်းတနော်မြို့နယ် အတွင်းရှိ သီတင်းသုံးတော်မူကြသည့် ဆရာတော်သံဃာတော်များနှင့် သီလရှင်ဆရာကြီး ဆရာလေး များအား ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ သွားရောက်ဆက်ကပ် လှူဒါန်းခဲ့သည်။
ပန်းတနော်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်း စုစုပေါင်း (၃၇၆)ကျောင်းတိုက်တွင် သီတင်းသုံးတော်မှုကြသည့် ဆရာတော်သံဃာတော်များနှင့် သီလရှင် စုစုပေါင်း(၂၁၀၈) ပါးတို့အား တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လှူဒါန်းသည့် ဆွမ်းဆန် ၂၀၆ အိတ် ၊ ဆီ၂၉၇ ပိဿာ၊ ပဲ၆၆၀ပိဿာ၊ ဆား ၇၃ ပိဿာ စုစုပေါင်း တန်းဖိုးငွေကျပ် သိန်း ၈၈၅၅၀၀၀နှင့် ပန်းတနော်မြို့နယ်ဌာနဆိုင်ရာများမှ စုပေါင်း လှူဒါန်းသော ဆွမ်းဆန် ၂၅၄ အိတ် တန်ဖိုးငွေကျပ် သိန်း ၇၁၁၂၀၀၀ တို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဗိုလ်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက မြို့ပေါ်ကျောင်းတိုက်များသို့လည်းကောင်း၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများက မိမိတို့ကျေးရွာ အတွင်းရှိ ကျောင်းတိုက်များသို့လည်းကောင်း အသီးသီးသွားရောက် ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။