သာစည်မြို့နယ်တွင် ယမန်နေ့ထိ ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း ၈၅၅ ဦးရှိပြီး ဆေးရုံဆင်းခွင့်ရရှိသူ ‌‌ပေါင်း ၇၅၇ဦး ရှိကြောင်းသိရ

 

 သာစည်  စက်တင်ဘာ ၁၃

မန္တလေးတိုင်းဒေသကြီး ၊ သာစည်မြို့နယ်တွင် ကျန်းမာရေးမကောင်းသဖြင့် မြို့နယ်ပြည်သူ့ ဆေးရုံကြီးတွင် လာရောက်ပြသ သူများအား RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ ယမန်နေ့ က ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၅ ဦး ထပ်မံ‌တွေ့ရှိခဲ့ပြီး ဆေးရုံမှ ဆင်းခွင့်ရရှိသူ ၂၄ ဦးရှိ ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

 

ကိုဗစ်-၁၉ အတည်ပြု လူနာသစ်များမှာ အမှတ် (၃) ရပ်ကွက်မှ အမျိုးသားတစ်ဦးနှင့် အမျိုး သမီးတစ်ဦး၊ ယင်းမာပင်ကျေးရွာမှ အမျိုးသမီးတစ်ဦး၊ မြောင်းဦးကျေးရွာမှ အမျိုးသမီး တစ်ဦးနှင့် ငှက်မင်းကုန်းကျေးရွာမှ အမျိုးသမီးတစ်ဦးတို့တွင် ပိုးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ပိုးတွေ့ရှိသူ လူနာများအား မြို့နယ်ပြည်သူ့ဆေးရုံကြီး Positive ကုသဆောင်နှင့်အမှတ်(၄) ကျောင်းကြီး ရပ်ကွက်ရှိ အထက(၁) Positive ကုသဆောင်တို့တွင် ကျန်းမာရေး စောင့်ရှောက်မှု များ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

 

သာစည်မြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ  ယမန်နေ့အထိ ၈၅၅ ဦး ကျန်းမာရေး ကောင်းမွန်ပြီး သတ်မှတ်ရက်ပြည့်၍ ဆင်းခွင့်ရရှိသူ ၇၅၇ ဦး၊ ဆေးကုသမှု ခံယူနေသူ ၅၆ ဦးနှင် သေဆုံးသူ ၄၂ ဦးထိ ရှိကြောင်း သိရသည်။

                

 မြို့နယ်( ပြန်/ဆက်)